Skip to main content
 T.U.L.I.P
                                                                                                                                  Saya Thet Maung Oo
                                                                                                                                             23, Sept, 2022
Total Depravity (အလုံးစုံသော ဒုစရိုက်/အပြစ်တရား)
Protestant တို့၏ဓမ္မအတွေးအခေါ်တရားမှ မူလဗီဇအပြစ် (Original Sin) ကိုရူမြင်ခြင်းလည်းဖြစ်သည်။  ဤအတွေးအခေါ်သည် လူသား၏ကျရှုံးခြင်း (man’s fall)၏ နောက်ဆက်တွဲကိုသိစေသည်၊ ဤကမ္ဘာလောကကြီးထဲတွင် မွေးဖွားလာခဲ့ကြသောလူသားတိုင်းသည် သူတို့ကျရှုံးခြင်း၏ နောက်ဆက်တွဲရလဒ်များကြောင့် အပြစ်တရား၏ ကျွန်ပြုခြင်းကိုခံကြရသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် အလှမ်းကွာဝေးခဲ့ကြရလေသည်။ သူတို့ကိုသူတို့ ဘုရားနောက်တော်သို့ လိုက်ပါရန် မတတ်နိုင်ကြပေ၊ အပြစ်တရားကို ရှောင်ကြဉ်ရန်မတတ်နိုင်၊ ကယ်တင်ခြင်းတရားကို ရရှိခံစားရန်လည်းမဖြစ်နိုင်ပေ။
 Reformed နှင့် Lutheran ဓမ္မပညာရှင်များက လူသား၏ ကျရှုံးခြင်းရလဒ်ကြောင့် (ဒုစရိုက်အပြစ်တရားကြောင့်) လူသားတို့ထံတွင်ရှိသော ကောင်းမွန်ခြင်း (သို့) ကောင်းခြင်းကိုဖြစ်ပွားစေသော ပြင်ပလုပ်ရပ်များ ကင်းမဲ့သွားသည်ဆိုခြင်းကို လက်မခံကြပေ။ လူသားသည် ဘုရား၏ပုံသဏ္ဍန်တော် ( imago Dei ) နှင့်အညီဖန်ဆင်း ထားသည်ဖြစ်ရာ အပြစ်တရားသည် ပုံသဏ္ဍန်တော်နှင့်တူသော လူသားကို လမ်းကြောင်းလွဲသွား သကဲ့သို့ဖြစ်သည်။  အပြစ်တရားသည် လူသားတို့၏ဖြစ်ခြင်းအပေါ် ဘက်ပေါင်းစုံမှ ထိခိုက်စေသည်။ နှလုံးသား၊ စိတ်၊ ခံစားမှု့၊ ကိုယ်ခန္တာတို့ပါ အပြစ်တရား၏ထိခိုက်ခြင်းကိုခံရလေသည်။ အပြစ်ကို ကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ အပြစ်တရား၏ထိခိုက်စေခြင်းကို လူသားတိုင်းခံစားရသည်။
အလုံးစုံသော ဒုစရိုက်/အပြစ်တရားသည် လူသားတို့သည် သူတို့၏လူသားဖြစ်ခြင်းကို တစ်ခုခု ဆုံးရှုံးစေခြင်းမျိုးတော့ မဟုတ်၊ အာဒံနှင့် ဧဝတို့သည် အပြစ်တရားကိုပြုနိုင်သော/ မပြုနိုင်သော သဘောမျိုးရှိနေသည်။ လူသားတို့၏ တစ်စိတ်တပိုင်းသည် ဆိုးယွားသောသဘောရှိသည်။ အလုံးစုံသော ဒုစရိုက်/အပြစ်တရား ဓမ္မသဘော လက်ခံချက် ၌ရှိသော အပြစ်တရားသဘောသည် လူသားကို ဘုရားနှင်ပိုမိုနီးကပ် စေလိုသောသဘောကိုသင်ပြပေးသည်။
အလုံးစုံသော ဒုစရိုက်/အပြစ်တရားနှင့်ဆိုင်သော ဓမ္မလက်ခံချက်သည် သမ္မာကျမ်းစာ၌ဖော်ပြထားသည်။ လူသား၏စိတ်သည် ဆိုးယွားသည်( မာကု ၇.၂၁-၂၃ )၊ လူသားသည် အပြစ်၏ကျွန်ဖြစ်သည် (ရောမ ၆.၂၀)၊ လူသည် ဘုရားကိုရှာတတ်သောသူမဟုတ် (ရောမ ၃.၁၀-၁၂)၊ ဝိညာဉ်ရေးကို နားမလည် (၁ကော ၂.၁၄)၊ ဘုရားနှင့်ဆန့်ကျင်သောသူဖြစ်သည် (ဧဖက် ၂.၁၅)။
Reformed လက်ခံချက်အရ လူသားတို့သည် မိမိတို့ ကျရှုံးသောသဘောမှ မိမိတို့အလို/ကြိုးပမ်းမှု့အတိုင်းမရဘဲ ဘုရား၏အလိုတော်အားဖြင့်သာရရှိမည်ဖြစ်သည် (ယောဟန် ၁.၁၂-၁၃)၊ မိမိတို့ ယုံကြည်ခြင်းအတိုင်း ဘုရားပေးသနားမည် (ဖိလိပ္ပိ ၁.၂၉)၊  ယုံကြည်ခြင်းသည် ဘုရားသခင်ပြုတော်မူသောအရာ (ယောယန် ၆.၂၈-၂၉)၊ လူသားများကို ယုံကြည်ရန် ဘုရားပြညွန်သည် (တမန်တော် ၁၃.၄၈ )၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်တော်မူခြင်း (ဧဖက် ၁.၁-၁၁၊ ရောမ ၈.၂၉၊ ၉.၉-၂၃)။
Unconditional Election (အခြေအနေပေါ်မူမတည်သော ရွေးကောက်ခြင်း)
အခြေအနေအပေါ်မူမတည်သော ကျေးဇူးတော် (Unconditional Grace)၊ အုပ်စိုးတော်မူခြင်း /အာဏာစက်ဖြင့် ရွေးချယ်ခြင်း (Sovereign Election) ဟူ၍လည်းခေါ်ကြသည်။ ဘုရားသခင်သည် သူတွေ့မြင်တော်မူသော လူသားတိုင်း အပေါ်ရွေးကောက်တော်မူသည်မဟုတ်။ သူ၏နူးညံစွာတုန့်ပြန်တတ်သောအလိုတော် အပေါ်မှ ရွေးချယ်တတ် သည်(ဧဖက် ၄.၄-၈၊ ရောမ ၉.၁၁)။ လူသားတစ်ဦးစီတို့၏ကုသိုလ်တရား အပေါ်လည်း အခြေမခံပေ။ လူတစ်ချို့သည် ကယ်တင်ခြင်းရမည်၊ အချို့တို့ရမည်မဟုတ် (ရောမ ၉.၁၅-၂၁)။ ဤအယူအဆသည် Predestination နှင့်လည်း ဆက်စပ်မှုရှိသည်။ အာမေးနီးယန်း လက်ခံချက် ဖြစ်သာ အခြေအနေပေါ်မှုတည်သော ရွေးချယ်ခြင်း (Conditional Election)နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။  ရွေးကောက်ခြင်း (Election) ဆိုသည်ကိုကြည့်ပါက ရွေးချယ်ရမည့် ကိုယ်စားလယ်လောင်းများထဲမှ သမ္မတရာထူးအတွက် တစ်ဦးကိုသာ ရွေးချယ်သည်။ ထို့အတူ ဘုရားသခင်သည် အချို့ကိုသာကယ်တင်တော်မူမည့်သဘောဖြစ်သည်။ အခြေအနေအပေါ်မူမတည်သော (Unconditional) ဆိုသည် မှာလည်း ဘုရားသခင်၏ရွေးကောက်တော်မူခြင်း သည် လူသားများတွေးတောထင်မြင်ထားသကဲ့သို့၊ ယူဆထား သကဲ့သို့၊ ပြောသကဲ့သို့၊ လုပ်ဆောင်သကဲ့သို့မဟုတ်။ ဘုရားသခင် မည်ကဲ့သို့ရွေးချယ်သည်၊ လုပ်ဆောင်သည်ကိုလူသားများ တိကျစွာမသိ၊ သို့ရာ၌ လူသားများ၏ဆောင်ရွက်ပုံကဲ့သို့တော့မဟုတ်ပေ။ လူသားတစ်ဦးထံ၌ ကောင်းကွက် (ကောင်းခြင်း)တစ်စုံတစ်ရာ မျှမမြင်နိုင်သော်လည်း၊ ဤသူသည်ရွေးချယ်တော်မူခြင်းကိုခံရနိုင်လေသည်။
သမ္မာတရား နောက်ခံဖော်ပြချက်အရ၊ လောကမျှော်လင့်ခြင်းများမရှိတော့သော၊ အသက်အရွယ်ကြီးနေပြီ ဖြစ်သော အာဗြံဟံသည် ဘုရားသခင်၏ ရွေးချယ်တော်မူသောမေတ္တာတော်၏စစ်မှန်သောမှန်ကန်ခြင်းအားဖြင့် မျှော်လင့်စရာကို ယုံကြည်ရရှိခံစားရလေသည် (ရောမ ၄:၁၈)။ အခြေအနေအပေါ်မူမတည်သော ရွေးကောက်ခြင်းသည် ပထမအတွေး အခေါ်ဖြစ်သော အလုံးစုံသောဒုစရိုက် အပြစ်တရား၏နောက်၌ ပါလာသော ဓမ္မအတွေးအခေါ် ဖြစ်သည်။ အကယ်၍ လူသားသည် သေဆုံးခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ဖမ်းထားချုပ်ထားခြင်း ကိုခံရခြင်းများကို ခံစားရပါက၊ မိမိတို့ကိုယ် မိမိကူညီကယ်တင်ရန် လုံးဝနည်းပါးမဖြစ်နိုင်သော အခြေအနေ ဖြစ်လေသည်။ “သေသေသူသည် မိမိဖာသာ မိမိပြန်လည်၍ အသက်ရှင်နိုးထရန်ဖြစ်နိုင်ပါမည်လော?” အဖြေကား လုံးဝမဖြစ်နိုင်ပေ။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းမှဖော်ပြသကဲ့သို့ “ဒုတိယအကြိမ်မွေးဖွားခြင်း”နှင့် လူသားများမိမိတို့ ဘာသာမိမိတို့ကြိုးပမ်း အားထုတ်ခြင်းဖြင့် မလွတ်မြောက်နိုင်ကြောင်း၊ ဘုရားသခင်သာလျှင် ကျွန်ုပ်တို့ကိုလွတ်မြောက်ရန် ဆောက်ရွက်ပေးနိုင်ကြောင်းသိရသည်။
(သမ္မာတရားလေ့လာချက်…… ဟေရှာယ ၄၂: ၁၊ ယောဟန် ၁၅: ၁၆၊ ၁: ၁၂၊ ၁၃၊ တမန် ၁၃: ၄၈၊ ရောမ ၉: ၁၅-၁၆၊ ဧဖက် ၁: ၄-၅၊ ဖိလိပိ္ပ ၁: ၂၉)  
Limited Atonement (ကန့်သတ်ထားသော အပြစ်ဖြေလွတ်ခြင်း)
 ကန့်သတ်ထားသော အပြစ်ဖြေလွတ်ခြင်း (Limited Atonement)သည် တိကျသော အပြစ်ဖြေလွှတ်ခြင်း (Definite Atonement)၊ သီးခြား ကယ်တင်ခြင်း(Particular Redumption) ဟူ၍လည်းခေါ်ကြသည်။ သခင်ယေရူသည် ရွေးချယ်တော်မူသောသူတို့အတွက်သာ အသေခံတော်မူခြင်းဖြစ်သည်။ သခင်ယေရူ၏ နာကျင်ခံစားတော်မူခြင်း၊ အသေခံတော်မူခြင်းတို့သည် လူတိုင်းအတွက်လုံလောက်တော်မူသည်၊ သို့ရာတွင် လူတိုင်းအတွက်အကျိုးသက်ရောက်မှု့ ရှိမည်မဟုတ်။ သခင်ယေရူသည် ရွေးကောက်တော်မူခြင်းခံရသူများ၏ အပြစ်များကိုသာဖြေရှင်းတော်မူသည်။ ဤအကြောင်းအရာသည် ရှင်မသဲခရစ်ဝင် အခန်းကြီး ၁၈:၂၈၌ဖော်ပြသော “လူအများတို့၏ အပြစ်” ဟုဆိုရာ၌ ထိုလူအများသည် သိုးများသာဖြစ်သည် ဆိတ်များမဟုတ်ကြပေ (မသဲ ၂၅: ၃၂-၃၃)။ သခင်ယေရူ၏ဆုတောင်းချက် ဖြစ်သော ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၇: ၉ ၌ “သူတို့ အဖို့အလို့ငှာဆုတောင်းပါ၏ လောကီသားတို့အဖို့အလို့ငှာ ဆုတောင်းသည်မဟုတ်ပါ၊ အကျွန်ုပ်အားပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့ အဖို့အလို့ငှာ ဆုတောင်းပါ၏” ဟုဖော်ပြလေသည်။ တမန်တော်ဝထ္ထု ၂၀: ၂၈ ၌ဖော်ပြသော “သိုးစု”ကို လည်းကောင်း၊ ဧဖက် ၅: ၂၅-၂၇ တို့၌ဖော်ပြသော “အသင်းတော်”သည် သခင်ယေရူခရစ်အားဖြင့်ဝယ်ယူတော်မူသော အသင်းတော်ဖြစ်သည် လူအားလုံးအတွက်မဟုတ်။ ဟေရှာယ ၅၃: ၁၂ ၌ဖော်ပြသော သခင်ယေရူ၏ အသေခံတော်မူခြင်း ကို ကြိုတင် ပရောဖက်နမိတ်ပြုဖော်ပြချက်၌ “လူအများတို့၏ အပြစ်” ဟုဆိုရာ၌ လူအားလုံးကိုဆိုလိုခြင်းမဟုတ်ပေ။
ကြိုတင်ခွဲခန့်မှတ်သားခြင်းဆိုင်ရာ (Predestination)  Calvinist အမြင်က ဘုရားသခင်သည် အာဒံအား မူလဖြောင့်မတ်သောအခြေအနေတွင် ဖန်ဆင်းခဲ့ကြောင်းသွန်သင်သော်လည်း၊ သူသည် အပြစ်တရားနှင့် လူသားမျိုးနွယ်အားလုံးတို့၏ ခေါင်းဆောင်အဖြစ်သို့ ကျရောက်ခဲ့သည်။ ကယ်တင်ခြင်းသို့ ရွေးကောက်ခံရသူများသည် လည်းကောင်းတို့၏ယုံကြည်ခြင်း သို့မဟုတ် ကောင်းသောအကျင့်များကို ရှုမြင်ခြင်းမရှိဘဲ ဘုရားသခင်၏ အုပ်စိုးတော်မူသောအာဏာအလိုတော်အားဖြင့် ရွေးချယ်ခြင်းဖြစ်သည်။
(သမ္မာတရားလေ့လာချက်..... မသဲ ၂၅: ၃၂-၃၃၊ ဟေရှာယ ၅၃: ၁၂)
Irresistible Grace (တားဆီး၍မရနိုင်သော ကျေးဇူးတော်)
၄ ခုမြောက်သော Reformed ဓမ္မလက်ခံချက်ဖြစ်သည်။  တားဆီး၍မရနိုင်သော ကျေးဇူးတော်ကို ထိရောက်သော ကျေးဇူးတော် (effectual grace)၊ ထိရောက်သော ခေါ်တော်မူခြင်း(effectual calling)  အကျိုးရှိတော်မူသော ကျေးဇူးတော် (efficacious grace) ဟူ၍လည်းခေါ်ကြသည်။ ဘုရားသခင်၏ကယ်တင်တော်မူခြင်းကျေးဇူးတော်သည် ဤဆုကျေးဇူးကိုခံရရန် (ရွေးချယ်ခြင်းခံထားရသောသူများ) အတွက်လက်တွေ့သက်ရောက်မူရှိသည်။ တားဆီး၍မရနိုင်သော ကျေးဇူးတော်သည် အခြေအနေပေါ်မူမတည်ဘဲ ကယ်တင်ခြင်းခံရသောသူများသာဖြစ်သည်။ ရွေးကောက်ထားခြင်းခံရသောသူများသည် ဤကျေးဇူးတော်အားဖြင့်ရမည့် ကယ်တင်ခြင်းကို မည်သို့မျှ ငြင်းဆန်နိုင်စွမ်းမရှိပေ။
Reformed လက်ခံချက်အရ အပြစ်တရား၌သေကြရမည်ဖြစ်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်သာ သတင်းကောင်း (gospel)  ကိုကြား၍ယုံကြည်ကြသည်။ သတင်းကောင်းသည် အပြစ်သား၏နှလုံးသားကို ပြောင်းလဲစေပြီး၊ ဝိညာဉ်တော်အားဖြင့် သခင်ယေရူခရစ်တော်သည် အပြစ်သားထံသို့တိုက်ရိုက်ဖွင့်ပြတော်မူ၍ အံဖွယ်သောနမိတ်လကဏာတော်ဖြင့် အပြစ်သား၏ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေသည်။ သမ္မာကျမ်းစာတွင်ဖော်ပြချက် အရ လူသား၏သဘာဝသည် ခုခံလိုသော/တန်ပြန်လိုသော၊ မနာခံတတ်သောသဘောရှိလေသည်။ ဤဓမ္မခံယူချက်အရ လူသားသည် မခုခံနိုင်/မတွန်းလှန်နိုင်သောသဘောမှာ ဖြစ်နိုင်မည်လား? စဉ်းစားစရာဖြစ်လေသည်။ သို့ရာ၌ ယခုခံယူချက်တွင် ‌ရှောင်လွဲမရနိုင်/ခုခံမရနိုင်သောအရာမှာ ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သည်၊ သာမန်လောကီ အရာမဟုတ်ပေ။ ဘုရားသခင်၏ဂုဏ်တော်များထဲတွင် အလုံးစုံသော/ အနန္တတန်ခိုးရှင်(omnipotent) ဖြစ်နေတော်မူသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားရွေးချယ်ထားခြင်းခံရသူသည် ကျေးဇူးတော်ကို  ရှောင်လွဲ၍မရနိုင်ပေ။
လူသားသည် ဘုရားကဲ့သို့တန်ခိုး (ဖန်တီးနိုင်)စွမ်းမရှိ၊ လူသားထံသို့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည် ထိုလူသားသိသည်ဖြစ်စေ မသိသည်ဖြစ်စေ လုပ်ဆောင်ပေးနိုင်သည်။ ထိုလူသား အလိုဆန္ဒပါစရာမလို ဆိုသောခံယူချက်မျိုးလဲရှိသည်။ လာဇရုအဖြစ်အပျက် (ယောဟန် ၁၁: ၃၈-၄၆)၌ ကြည့်ပါကတွေ့နိုင်သည်။ လူသားတို့သည် ဝိညာဉ်ရေးသေခြင်းဂူသင်္ချိုင်းထဲမှထွက်လာကြသည်။ သခင်ယေရူ၏ခေါ်သံကိုပြန်ထူးခြင်း /တုန့်ပြန်ခြင်းဖြစ်သည် ( Effectual Calling)။ ကျေးဇူးတော်အားဖြင့် ပြန်လည်တိုးပွား/ အင်အားပြည့်လာခြင်းဖြစ်သည် (Spiritual Regeneration)။
(သမ္မာတရားလေ့လာချက်….. ယောဟန် ၆: ၃၇၊ ၃၉။  ၆: ၄၄၊ ၄၅။ ၆: ၆၅)
Perseverance of Saints (သူတော်စဉ်တို့၏ ထိန်းသိမ်းကြိုးပမ်းအားထုတ်ခြင်း/ဇွဲလုံးလ)
သူတော်စဉ်တို့၏ထိန်းသိမ်းကြိုးပမ်းအားထုတ်ခြင်း (Perseverance of Saints)ဆိုသည်မှာ ဘုရားသခင်၌ ကောင်းစွာသော မွေးဖွားကြီးပြင်းခြင်း၊ ရင့်ကျက်ခြင်းရှိသောသူ (သို့) သန့်ရှင်းသောဝိညာဉ်တော်၏ ကျိန်းဝပ်ခြင်းအားဖြင့် အသစ်တဖန်ဖွားမြင်သောသူဖြစ်ပြီး ကောင်းသောအလုပ်များနှင့် ဘုရားသခင်ထံယုံကြည်ခြင်းတို့ကို သူ၏ဘဝအဆုံးအထိ ဆက်လက်ရပ်တည်လုပ်ဆောင်နိုင်သောသူကိုခေါ်သည်။ အသစ်တဖန်ဖွားမြင်ခြင်း (သို့) နောက်တဖန်မွေးဖွားခြင်း (Born again) ဆိုသည်မှာလည်း နောက်ဆုံးသောအချိန်အထိ မိမိ၏ယုံကြည်ခြင်းကိုစောင့်ရှောက်ထိန်းသိမ်းနိုင်သူဖြစ်သည်။ ထိုသို့သောသူများမှာ ကယ်တင်ခြင်းကိုမဆုံးရှုံးနိုင်ပေ။ ဘုရားသခင်သည်သူ၏သားသမီးများကိုဘယ်တော့မျှအဆုံးအရှုံး မခံနိုင်။ ဘုရားသခင်ဘက်၌ရှိသောသူများကို ဘယ်သူမျှမဖယ်ထုတ်နိုင်။ “ထိန်းသိမ်းကြိုးပမ်းအားထုတ်ခြင်း”ကို အဘယ်ကြောင့်ပြုနိုင်သနည်း။ အဆုံးအထိကို ထိန်းသိမ်းကြိုးပမ်းအားထုတ်ခြင်းဆိုသောအရာကို အဘယ်ကြောင့် ပြုနိုင်သနည်း။ ဘုရားသခင်ကရွေးချယ်ထားသောကြောင့်ဖြစ်သည်။ ထိန်းသိမ်းကြိုးပမ်းအားထုတ်ခြင်းကိုပြုနိုင်သည်မှာ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်လည်းဖြစ်သည်၊ ကျေးဇူးတော်ထဲ၌နေထိုင်အသက်ရှင်နေရခြင်းဖြစ်သည်။
Reformed လက်ခံချက်အရ ဘုရားသခင်ရှေ့၌ တစ်ဖန်မွေးဖွားပြီး သမ္မာတရားအတိုင်းအသက်ရှင်သူအားလုံးသည် သန့်ရှင်းခြင်းသို့ ဦးတည်အသက်ရှင်ကြကြောင်းကို ယုံကြည်ကြသည်။ သူတို့၏အမြင်တွင်သန့်ရှင်းခြင်းသို့ ဆက်လက်လုပ်ဆောင်ရန်ပျက်ကွက်ခြင်းရှိသူသည် မည်သည့်အခါမှ အမှန်တကယ်ကယ်တင်ခြင်းမခံရကြောင်း ယူဆကြသည်။ ဤအယူဝါဒလက်ခံချက်သည် လုပ်ရပ်တစ်ခုနှင့် ထိုလုပ်ရပ်တစ်ခု၏အကျိုးဆက်များအကြား ထူခြားမှု့ရှိသည်။ ဘုရားသခင်သည် လူတစ်ဦးကို အသစ်တဖန်ပြန်လည်မွေးဖွားပြီးနောက်တွင်၊ သမ္မာကျမ်းစာ၌ ရေးထားသည့်အတိုင်း "ဟောင်းသောအရာများ ကွယ်ပျောက်သွားသည်" နှင့် "ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်လာသည်" ဟူသော အကြောင်းကြောင့် ထိုသူသည် အမြဲတန်းပင် ယုံကြည်ခြင်း မြဲမြံခိုင်ခံ့စေလိမ့်မည်။
(သမ္မာတရားလေ့လာချက်....ဖိလိပ္ပိ ၁:၆၊ မသဲ ၇: ၂၁-၂၃၊ ယောဟန် ၁၇: ၉)
Comments
Popular posts from this blog
ဒီမိုကရေစီ နှင်. ခရစ်ယာန်ကျင်.ဝတ်
Genesis By Walter Brueggemann
The first book in the Bible; it is the narrative account of beginnings—of the world, of the community of Israel , of faith. It is a theo­logical statement, claiming that all real begin­nings are wrought by the purpose and speech of Yahweh, the God of Israel. Content The beginnings concern the theologi­cal ground of the created world and the origin of Israel among the peoples of the world. Gen. 1-11 is a collection of materials presenting a particu­lar notion of the character of the cosmos. It is clear that while Israel borrows and utilizes the common deposit of ancient Near Eastern tradi­tions in this material, Israel has shaped these appropriated materials to make a particular statement about the character of the world in relation to God. This statement does not concern scientific origins. It asserts that the world is formed by, accountable to, and destined for Yahweh's purposes but is recalcitrant, refusing to be God's obedient creature. The narrative concerns...
ရှင်ပေါလု၏ အရေးအသားများ၌တွေ့ရှိရသော ခရစ်တော်ဗေဒဆိုင်ရာ ဖော်ပြချက်များ (Pauline Christology) ဆရာသက်မောင်ဦး သခင်ယေရှုကိုခရစ်တော်ဘုရားဖြစ်တော်မှုခြင်းအသုံးအနှုန်းများ (Christological vocabulary) ကိုယုံကြည်သူများအားဖေါ်ပြရာ၌ရှင်ပေါလု၏အရေးအသားများမတိုင်မီကပင်တွေ့ရှိနိုင်သည်။ ရှင်ပေါလု ကဤအသုံးမနှုန်းများကိုယေဘုယျအားဖြင့် ယုံကြည်သူစာဖတ်ပရိတ်သတ်များ နားလည်သဘောပေါက်နိုင် ရန်အတွက်သုံးနှုန်းဖေါ်ပြထားခြင်းဖြစ်သည်။ ထို့အတူရှင်ပေါလု၏စာစောင်များ၌ သခင်ယေရှုအားဖေါ်ပြ ထားသောအသုံးအနှုန်းများသည် သူ၏စာပေရေးသားခြင်းဆိုင်ရာထူးချွန်မှုကိုလည်းဖေါ်ပြနေပါသည်။ သခင် ယေရှုအား ဘုရားဖြစ်တော်မှုခြင်း ဆိုင်ရာတင်ပြခြင်းအသုံးအနှုန်းများကို လေ့လာရခြင်းဖြင့်ကနဦးအသင်း တော်တွင်းရှိဓမ္မအတွေးအခေါ် တိုးတက်လာခြင်းနှင့်စာစောင်များကိုမရေးသားမီရှင်ပေါလု၏သခင်ယေရှုအ ပေါ် ထင်မြင်ခြင်းကိုလည်းလေ့လာတွေ့ရှိနိုင်ပါသည်။           ရှင်ပေါလုသည် ရှင်ပြန်ထမြောက်တော်မှုသောခရစ်တော်ကိုဒမသက်မြို့သို့သွားသောလမ်းပေါ်၌ တွေ့ကြုံခဲ့ရသည်။ ဤအတွေ့အကြုံအားဖြင့် သခင်ယေရှုကိုနားလည်ခြင်းပြောင်းလဲခဲ့ရပါသည်။ သူ၏ ပြောင်းလ...