Skip to main content
အသင်းတော်သမိုင်းဘာသာရပ်ကိုလေ့လာရန် အဘယ်ကြောင့်လိုအပ်ခြင်း . . .
ဆရာသက်မောင်ဦး
နိဒါန်း
သမိုင်းဆိုသည်မှာ လူသားများအတိတ်ကာလက လုပ်ဆောင်ခဲ့သောအရာများကို အဓိကရေးသားထားသော မှတ်တမ်းဖြစ်ပေသည်။ လူသားတို့၏ အချိန်ကာလများအတွင်း ဖြစ်ပျက်ခဲ့သော အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အနိမ့်အမြင့်၊ အတက်အကျ၊ အဖြစ်အပျက်များတို့ကို အရှိအတိုင်းတင်ပြထားကာ နှောင်းလူတို့ပြန်လည်လေ့လာဖတ်ရူ၍ သင်ခန်းစာရယူ စေနိုင်ရန် ရည်ရွယ်ပါသည်။  လူတိုင်းလူတိုင်းသည် မိမိတို့၏ လူမျိုး (သို့မဟုတ်) နိုင်ငံ၏ သမိုင်းကို၎င်း၊ ကမ္ဘာကြီး၏သမိုင်းဖြစ်စဉ်များကို သိရှိထားသင့်ပါသည်။ ဤအသိသည် ပို၍ကောင်းသော နိုင်ငံသာများအဖြစ်ကို၎င်း၊ မိမိတို့၏တာဝန်ဝတ္တရား၊ တာဝန်ခံမူ့ တာဝန်ယူမူ့များတို့ကို ပို၍သိရှိလိုက်နာလာစေသည်။ 
ထို့အတူ အသင်းတော်သမိုင်း ဘာသာရပ် သည်လည်း ဤကဲ့သို့ပင်ဖြစ်ပါသည် အသင်းတော်သမိုင်း ကြောင်း တစ်လျှောက် ခရစ်ယာန်တို့၏ ကောင်းခြင်း ဆိုးခြင်းများ၊ အခြားသူများနှင့် ဆက်ဆံခြင်းများ၊ အခြားဘာသာ ယုံကြည်ချက်ရှိသူများနှင့် စစ်ပြုခြင်းများ၊ အသင်းတော်၏ လူမူ့ရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ သာသနာပြုပုံများ၊ ကောင်းခြင်းများ၊ ဆိုးယွားခြင်းနှင့် ရက်စက်ခြင်းများ၊ သာသနာနှင့် အသင်းတော်အပေါ်၎င်း အခြားသူများတို့ အပေါ်၎င်း သူတို့၏အာဏာ အမြတ်ထုတ်ခြင်းများကိုလည်းတွေ့ကြရမည်ဖြစ်ပါသည်။ သမိုင်းမှတ်တမ်းပြုခြင်းဆိုသည်မှာ အကောင်းချည်းသာမကဘဲ အဆိုးကိုပါ အမှန်အတိုင်းတင်ပြပါမှ သမိုင်းအပေါ် သစ္စာရှိသည်ဖြစ်ပါလိမ့်မည် ဖြစ်ပါသည်။
အသင်းတော်သမိုင်းဘာသာရပ်သည် ခရစ်ယာန်ကျမ်းစာကျောင်းနှင့် ဓမ္မတက္ကသိုလ်များ၌သာ သင်ကြားခံယူရသော ဘာသာရပ်မဟုပ်ပါ။ ထို့အတူ အသင်းတော်သမိုင်းဘာသာရပ်သည် ကျမ်းစာကျောင်း၌ စာချဓမ္မကထိကများ၊ ကျောင်းသူကျောင်းသားများလောက်သာ လေ့လာရသော သာသာရပ်မဟုတ်ပေ။ 
ခရစ်ယာန်သာသနာ၏ အခန်းကဏ္ဍအသီးသီး၌ပါဝင်နေကြသော သင်းအုပ်များ၊ ဓမ္မဆရာများ၊ ဧဝံဂေလိအမူ့တော်ဆောင်များ၊ ဓမ္မပညာကျောင်းဆရာများ၊ လူငယ်ခေါင်းဆောင်များပါ လေ့လာသင့်သော ပညာရပ်ဖြစ်ပါသည်။ ထိုထက်ပို၍ ၎င်းဘာသာရပ်သည် အသင်းတော်၏ ကျမ်းစာသင်တန်းမှစ၍ လူငယ်သင်တန်းများ၊ ခရစ်ယာန်တစ်ဦးတစ်ယောက်ခြင်းစီ လေ့လာဖတ်ရူသင့်သော ဘာသာရပ် ပညာရပ်ဖြစ်ပေသည်။ အတိတ်ကာလ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆင်ခြင်မိကြစေပြီး အနာဂတ်ကာလ၌ သာသနာတော်နှင့် အသင်းတော်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြရန်၊ သာသနာပြုခြင်းအခန်းကဏ္ဍ၌ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ကြရန်၊ အတိတ်ကာလ လိုအပ်ချက်၊ အမှားများတို့ကို အပြုသဘော ဆောင်လျက်ပြူပြင်နိုင်ကြရန်၊ စသော ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် လေ့လာသင့်ကြပါသည်။ 
အသင်းတော်သမိုင်းဘာသာရပ်၏ တန်ဖိုး
အသင်းတော်သမိုင်းဘာသာရပ်သည် အတိတ်ကာလကိုသီးသန့်ထားကာ၊ ၎င်းဖြစ်စဉ်များကို သီးသန့် လေ့လာခြင်း ဘာသာရပ်သာသာမဟုတ်ပါ။ အတိတ်ကာလမှသင်ခန်းစာများ  ကို ခေတ်ကာလနှင့်ချိန်ထိုးကာ ယူသင့်သည်များကိုယူကာ သာသနာတော် နှင့်အသင်းတော်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင် ကြရန်ဖြစ်ပါသည်။ အောက်ပါ အချက်များတို့သည် အသင်းတော်သမိုင်းဘာသာရပ်၏ တန်ဖိုးများဖြစ်ကြပေသည်။ 
၁) အသင်းတော်သမိုင်း၏တန်ဖိုးတစ်ခုမှာ သမိုင်းတစ်လျှောက်လက်ခံကျင့်သုံးခဲ့ကြသော ဓမ္မသဘောတရားကျင့်သုံးမူ့များနှင့် ဓမ္မကြောင်းဆိုင်ရာယုံချက်များ(Doctrines and Creeds)၊ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို ပေါ်လွင်ထင်ရှားစေပြီး လေ့လာသူများတို့ကို ပိုမို၍ အသိတရားတိုးတက်စေနိုင်စေသော ဘာသာရပ်ပညာဖြစ်ပါသည်။ ဓမ္မအတွေးအခေါ်များနှင့် ဓမ္မသဘောတရားကျင့်သုံးမူ့များ (Theology and Doctrine) တို့သည် ဓမ္မအတွေးအခေါ်ပညာကို လေ့လာနေကြသော ကျောင်းသားများ၊ ပညာရှင်များတို့သာမက၊ ယုံကြည်သူတစ်ဦးတစ်ယောက်စီပါ လေ့လာသိရှိရန်လိုအပ်လှပါသည်။ သမိုင်းကြောင်းကိုသိမှသာ ဓမ္မအတွေးအခေါ်များနှင့် ဓမ္မသဘောတရားကျင့်သုံးမူ့များ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သို့တိုးတက်လာသည်၊ မည်သို့ပြောင်းလည်းလာသည် တို့ကိုသိရှိနိုင်ပေမည်။ ဓမ္မဝတ်မင်္ဂလာများ၏ သမိုင်းကြောင်း၊ သာသနာပြုခြင်းများ၏  ဖြစ်စဉ်များ၊ သာသနာ့အဖွဲအစည်းများတို့၏သမိုင်းများ၊ ဂိုဏ်းဂဏများတို့ဖြစ်ပေါ်လာပုံများတို့ကို လည်းသိရှိနိုင်ပေသေးသည်။ ထို့ကြောင့် အသင်းတော်သမိုင်းဘာသာရပ်သည် ဤလိုအပ်ချက်ကို ကောင်းစွာဖြည့်ဆည်းပေးနိုင်စွမ်းရှိပါသည်။
၂) အသင်းတော်သမိုင်းဘာသာရပ်သည် သင်းအုပ်ဝတ္တရားဆိုင်ရာလုပ်ငန်း ကိုကောင်းစွာ အထောက်အကူပေးပါသည်။ ရုတ်တရက်ကြည့်ပါက ဤဘာသာရပ်နှစ်ခု အသင်းတော်သမိုင်နှင့် သင်းအုပ်ဝတ္တရား (Pastoral works) မှာ ဆက်စပ်လို့ရမည်မဟုတ်ပါ။ သို့ရာ၌ သင်းအုပ်တော်တော်များများအနေဖြင့် သင်းအုပ်ဝတ္တရားဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ကြမည်ဆိုပါက သမိုင်းထဲမှ လေ့လာသင်ယူစရာများစွာရှိနေသေး ကြောင်းတွေ့ရှိရပါသည်။ ဓမ္မဟောင်းမှ အစပြုခဲ့ရာ သင်းအုပ်ဝတ္တရားဆိုင်ရာဓမ္မအတွေးအခေါ်နှင့် လက်တွေ့ လုပ်ဆောင်ခြင်းများတို့သည် ဓမ္မသစ်၌ ဆက်လက်လက်ဆင့်ကမ်းဖော်ပြလာကာ အသင်းတော်သမိုင်း တစ်လျှောက်၌လည်း ဆက်လက်လေ့လာသင်ယူစရာများစွာရှိနေပါသေးသည်။ 
၃) အသင်းတော်သမိုင်းဘာသာရပ်ကိုလေ့လာသောသူအနေဖြင့် ရှေးသန့်ရှင်းသူများ၊ ဘိုးဘေးများ၊ အသင်းတော်ဖခင်မိခင်ကြီးများလျှောက်ခဲ့ကြသောဝိဉာဉ်ရေးလမ်းကို သိမြင်ပြီး၊ ၎င်းအထောက်အမအားဖြင့် မိမိအသက်တာ၊ မိမိမိသားစုနှင့် အသင်းတော်၊ သာသနာ၌ ဆက်လက်လမ်းပြနိုင်ပါသည်။ ဥပမာအားဖြင့် အသင်းတော်ဖခင်ကြီး အော်ဂတ်စတင်း၏ အရေးအသားများမှ၎င်း၊ မာတင်လူသာ၊ ဂျွန်ကယ်လဗင် နှင့် အခြားသော သူများ၏ အရေးအသားများမှ၎င်း ဝိဉာဉ်ရေးရာ သင်ရန်စာများ၊ သင်ခန်းစာများ၊ ခွန်အားများ များစွာရရှိနိုင်ပါသည်။ 
၄) အသင်းတော်တွင်ကဏ္ဍများအသီးသီး၌ တာဝန်ယူနေရသော ပုဂ္ဂိုလ်များအနေဖြင့် အသင်းတော်သမိုင်းကို လေ့လာခြင်းဖြင့်ရရှိသောပညာအားဖြင့်ဆက်လက်၍ အမူ့တော်သာသနာတော်ကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ကြပါသည်။ အသင်းတော်သမိုင်း၌ ပါဝင်သောဖြစ်စဉ်များ၊ အခက်အခဲများ၊ ပြဿနာများ၊ ရှေးဘိုးဘေး ယုံကြည်သူခေါင်းဆောင်များအနေဖြင့် ၎င်းတို့ကိုမည်သို့ ရင်ဆိုင်ဖြေရှင်းကျော်ဖြတ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့ ပစ္စုပ္ပန်ဘဝ၌ လက်တွေ့ကျင့် သုံးနိုင်ကြပါသည်။ သမိုင်း၌ ဖြစ်ပေါ်ခဲ့သောလိုအပ်ချက်များ၊ အမှားများ၊ အားနည်းချက်များကိုလေ့လာ သင်ခန်းစာယူခြင်းဖြင်း၎င်း အားသာချက်များ၊ စုပေါင်းလုပ်ဆောင်ချက်များ၊ ညီညွတ်မှု့များ ကိုအတုယူခြင်း ဖြင့်၎င်း သာသနာတော်ကို ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်ပါသည်။ 
၅) အသင်းတော်သမိုင်းဘာသာရပ်သည် အသင်းတော်၏မူရင်းတည်ထောင်သူ သခင်ယေရူခရစ်တော်ဘုရား၏ လောကအမူ့တော်မြတ်၌ အသက်ရှင်တော်မူခြင်း၊ လုပ်ဆောင်တော်မူခြင်းတို့ကိုပြန်လည်၍ကျေးဇူးတော်ချီးမွမ်း တတ်စေရန်နှင့် မိမိတို့၏ ပစ္စုပ္ပန်အမူ့တော်လုပ်ငန်း၌ သခင်ဘုရားကဲ့သို့ပါဝင်ဆက်ကပ်ကြရန် ပြန်လည်သတိရစေပါသည်။ သခင်ယေရူဘုရားသည် သမိုင်း၏ အရှင်သခင်ဖြစ်တော်မူသည်။ အသင်းတော်သည်လည်း သခင်ဘုရားကိုယ်တော်တိုင် ဦးစီးဦးဆောင်ဖြစ်တော်မူပါသည်။ 
အသင်းတော်သမိုင်းဆိုသည်မှာ အဘယ်ကဲ့သို့သောဘာသာရပ်ဖြစ်ပါသနည်း
အသင်းတော်သမိုင်းဆိုသည်မှာ အဘယ်ကဲ့သို့သောဘာသာရပ်ဖြစ်ပါသနည်း။ အသင်းတော်သမိုင်းတစ်လျှောက် အဖြစ်အပျက်များကို သီးသန့်ဖတ်ရုံတင်ပြထားသော ဘာသာရပ်မျိုးပေလား။ အသင်းတော်သမိုင်းတစ်လျှောက် အသင်းတော်၌ ပါဝင်ကြသော ဂိုဏ်းအုပ်၊ ဘုန်းတော်ကြီး၊ သင်းအုပ်၊ သင်းထောက်များ၏ မကောင်းသောအရာများကိုသာသီးသန့်တင်ပြထားသော ဘာသာရပ်သက်သက်လား။ အသင်းတော်သမိုင်းသည် အသင်းတော်၏ မူလဗီဇဖြစ်ပေါ်လာခြင်း၊ သာသနာ့အဖွဲ့အစီးများ ဖွံဖြိုးတိုးတက် လာပုံများ၊ ခရစ်ယာန်တို့၏ယုံကြည်ခြင်းဖွံဖြိုးတိုးတက်လာပုံကို တင်ပြထားသော ဘာသာရပ်ပေလား။ ခရစ်ယာန်တို့ယုံကြည်ရာ ဓမ္မသဘောတရားကျင့်သုံးမူ့များနှင့် ဓမ္မကြောင်းဆိုင်ရာယုံချက်များ(Doctrines and Creeds)၊ များ ဓမ္မအတွေးအခေါ်များနှင့် ဓမ္မသဘောတရားကျင့်သုံးမူ့များ (Theology and Doctrine) တို့အကြောင်းတို့ကို တင်ပြထားသော ဘာသာရပ်တစ်ခုပေလား။ မေးစရာနှင့်တွေးတော်စဉ်းစားစရာများစွာ ရှိနေပါသည်။  
အသင်းတော်သမိုင်းဘာသာရပ်သည်ဘုရားသခင်၏လူစုဖြစ်တော်မူသော ယုံကြည်သူခရစ်ယာန်များ ဟုခေါ်သောသူတို့၏အကြောင်း၊ သူတို့၏ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းအပေါ်နားလည်သဘောပေါ်က်ခြင်း၊ သူတို့၏ အသက်ရှင်ခြင်းများတို့၌ လက်ခံခြင်းများ၊ လက်တွေ့ကျင့်သုံးခြင်းများ၊ တစ်ဦးတစ်ယောက်စီ၏ အသက်တာ၌ သခင်ယေရူကို ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံကာ သခင်၏သားသမီး အဖြစ်အသက်ရှင်ကြခြင်း၊ အသင်းတော်၌ ကောင်းသော၊ တက်ကြွသော အသင်းတော်သား၊သမီးများ အဖြစ်ပါဝင်ခြင်းများ၊ အချို့တို့သည် သခင်ယေရူကဲ့သို့ မိမိတို့၏အသက်ကိုစွန့်ကာ ယုံကြည်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြခြင်းများ တို့ကိုမှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ အနှုတ်လက္ခဏာ သဘောအရ အသင်းတော်အတွင်း၌ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဘုန်းတော်ကြီးများတို့၏ အာဏာအလွဲသုံးစား ပြုခြင်းများ၊ ငွေကြေးပြဿနာများ၊ နေရာလုခြင်းများ၊ အခြားသောဘာသာများနှင့်စစ်ပြုခြင်းများ၊ အခြားသောဘာသာအယူဝါဒရှိသူများကို မတရားဖိနှိပ်ခြင်းများ အစရှိသော အနိဠာရုံများပါဝင်နေသကဲ့သို့ အပေါင်းလက္ခဏာ ဆောင်သောသဘောအရ အသင်းတော်မှ လူမျိုး၊ ဘာသာမခွဲခြားဘဲ လိုအပ်သောအငယ်ဆုံးသောသူများကို ကူညီမစခြင်းများ၊ခရစ်တော်၏သတင်းကောင်းကိုနေရာဒေသမခွဲခြားဘဲအသက်စွန့်ကာဟောပြော သက်သေ ခံခဲ့ကြခြင်းများ၊ အသင်းတော်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိက အဆောက်အဦးများ တို့သည် လူတိုင်းအတွက် အကူအညီရနိုင်သော၊ခိုလှုံနိုင်သောနေရာများဖြစ်ကြခြင်းစသော ကောင်းမြတ်ခြင်း များစွာလည်းရှိနေပါသည်။ 
နိဂုံး……အသင်းတော်သမိုင်းကို အဘယ်ကြောင့်လေ့လာကြရပါသနည်း 
အဘယ့်ကြောင့်အသင်းတော်သမိုင်းဘာသာရပ်ကို ကျမ်းစာကျောင်းများ၌ သင်ကြားကြရပါသနည်း။ ဤဘာသာရပ်သည် အရေးကြီးသည်ဟု အဘယ်ကြောင့်ခေါ်နိုင်ပါသည်း။ အသင်းတော်သမိုင်းသည် သမိုင်းတစ်လျှောက် ပေါ်ထွန်းလာခဲ့ကြသော ဓမ္မအတွေးအခေါ်များနှင့် ဓမ္မသဘောတရားကျင့်သုံးမူ့များ ပေါ်ထွက်လာခြင်းများ၊ အဆင့်ဆင့်ပြောင်းလည်းဖြစ်ပေါ်လာပုံများ၊ အသင်းတော်အတွင်း ပြုပြင်ပြောင်းလည်းခြင်းများ၊ မူရင်းပင်မဂိုဏ်းဂဏထဲမှ ပြုပြင်ပြောင်းလည်းခြင်းဖြစ်လာခဲ့ပြီး ခရစ်ယာန်ဂိုဏ်းဂဏများတို့ ပေါ်ထွက်လာခြင်းသည်တို့သည်လည်း ခရစ်ယာန်တို့၏ ဓမ္မအတွေးအခေါ်သမိုင်း၌ အလွန်အရေးကြီးလှပါသည်။ ဤသို့သောသိသင့်သိထိုက်သော အကြာင်းအရာများကို ဓမ္မအမူ့တော်၌ ပါဝင်ကြမည်ဖြစ်သော ကျမ်းစာကျောင်းတက်သူများ တတ်သိကြရပေသည်။ ထိုသူများတို့သာမက ခရစ်ယာန်အသီးသီးတို့ပါ သိသင့်ကြပေသည်။ 
ထို့အတူ အသင်းတော်များစုစည်းညီညွတ်ကြပြီး တစ်လုံးတစ်ဝတည်းဖြစ်စဉ်၌ အတူတကွပါဝင်ကြပြီး ဘာသာရေးရာကိစ္စများ၊ ကမ္ဘာ့ရေးရာကိစ္စများတို့၌ အတူတကွပါကြခြင်း များသည်လည်း သိသင့်သိထိုက်ကြသည်။ ကမ္ဘာ့ဒေသအသီးသီးတို့၌ ဖြစ်ပေါ်နေကြသော ဖိနှိပ်ခြင်းများ၊ မတရားသော အုပ်စိုးမူ့များတို့ကို တွန်းလှန်ရာ၌ ခရစ်ယာန်ဓမ္မအတွေးအခေါ်ပညာရှင်များတို့သည် လွတ်မြောက်ခြင်းဆိုင်ရာ ဓမ္မအတွေးအခေါ်များ၊ ဖိနှိပ်ခြင်းကိုတွန်းလှန်နိုင်ကြသော၊ ခံရပ်နိုင်ကြသော အတွေးခေါ်များကို သမ္မာတရားကိုအခြေပြု၍ ဖော်ထုတ်ကြလေသည်။ ဤအချက်မှာလည်း အသင်းတော်သမိုင်း၌ သမိုင်းတွင်သောဖြစ်စဉ်တစ်ခုဖြစ်ပေသည်။  ခရစ်ယာန်ဓမ္မအတွေးအခေါ်များ ဆင့်ကဲပေါ်ထွက်လာပုံ သည်လည်း အသင်းတော်သမိုင်း၌ အလွန်အရေးပါ၍ လေ့လာရမည့် အကြောင်းအရာဖြစ်ပေသည်။ 
ဓမ္မဟောင်းကျမ်း၌ အခြေပြုသော ဘုရား၏လူစုသဘောတရားသည်၊ ဓမ္မသစ်ကျမ်း၌ တမန်တော်ဝတ္တု  အားဖြင့်ဆက်လက်၍ လက်ဆင့်ကမ်းလာခဲ့သော အသင်းတော်သာသနာသည် ယနေ့ခေတ်ကျွနု်ပ်တို့လက်ထဲသို့ရောက်ရှိနေပြီဖြစ်ပါသည်။ အသင်းတော်သည် သမိုင်းတစ်လျှောက်၌ အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီဖြစ်ပါသည်။ အသင်းတော်၌ ပါဝင်ဆက်ကပ်ခဲ့ကြသောသူ အသီးသီးတို့သည် မတရားသော စွတ်စွဲခြင်းများ၊ နှိပ်စက်ခြင်းများ၊ အသေသတ်ခြင်းများ စသော ဖိစီးနှိပ်စက်ခြင်းများတို့ကိုခံခဲ့ကြရပါသည်။ ယနေ့ခေတ်တွင်လည်း ထို့ကဲသို့သော အခြေအနေကို ရင်ဆိုင်နေကြရသော ယုံကြည်သူများစွာလည်းရှိနေပါသည်။ သို့ဖြစ်ပါ၍ အသင်းတော်သမိုင်းကို လေ့လာသိရှိကြသော သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ ဖိနှိပ်ခံယုံကြည်သူများတို့ကို သမ္မာတရားမှလာသော ခွန်အားကိုပေး၍၎င်း၊ အသင်းတော်သမိုင်းထဲမှ ဘိုးဘေးများတို့၏ယုံကြည်ခြင်းကို ပြန်လည်ခွန်အားပေးခြင်းဖြင့်၎င်း ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါသည်။ 
အသင်းတော်သမိုင်းတစ်လျှောက်မှပေးသော အသိပညာတစ်ခုမှာ ခရစ်ယာန်အသင်းတော် ပေါ်ထွက်လာခြင်းမှ ပတ်ဝန်းကျင်၊ နိုင်ငံများ၊ လူထုများအထိပါ ရိုက်ခေတ်ခြင်းရှိပါသည်။ ပြောင်းလဲ လာကြသော ယုံကြည်သူများသည် စိတ်သစ်လူသစ်ဖြင့် ပတ်ဝန်းကျင်ကို အထောက်အကူပြုခဲ့ ကြပါသည်။ လောကကြီးထဲ၌အသက်ရှင်ခဲ့ကြသောလည်း လောကီသားများကဲ့သို့ အသက်မရှင်ခဲ့ကြပေ။ ယနေ့အသင်းတော်သမိုင်းကိုလေ့လာကြမည်ဖြစ်သောသူများသိမှတ်ရမည့်အကြောင်းအရာတစ်ခုဖြစ်ပါ သည်။ ခရစ်ယာန်ဘာသာဖြန့်ဝေရောက်ရှိရာနေရာဒေသ၊အသင်းတော်များ၊ဘုန်းတော်ကြီး ကျောင်းများရှိရာ ဒေသများ၌ ဘေးပတ်ဝန်းကျင်ရှိ ခရစ်ယာန်သာမက၊ ခရစ်ယာန်မဟုတ်သူများကိုပါ အကောင်းဆုံးအစေခံ နိုင်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ ဤအချက်သည် ယနေ့ခေတ် အသင်းတော်များ၊ ယုံကြည်သူများ သိရှိလိုက်နာ ကျင့်သုံးရမည့်အရာဖြစ်သည်။ 
ယနေ့ခေတ်မြန်မာယုံကြည်သူများအနေဖြင့်လည်းကမ္ဘာ့အသင်းတော်သမိုင်းကိုလေ့လာခြင်းသာမက၊ မြန်မာခရစ်ယာန်အသင်းတော်သမိုင်းကိုလည်း သိရှိလေ့လာသင့်ကြပါသည်။ အသင်းတော်များရှိ ကျမ်းစာသင်တန်းများ၌ အသင်းတော်သမိုင်းကိုပါ ထည့်သွင်းလေ့လာသင့်ကြပါသည်။ အသင်းတော်သမိုင်း တစ်လျှောက် အသက်ပေး၊ ဘဝကိုရင်းကာဆောင်ရွက်ခဲ့ကြသော ဘိုးဘေးများတို့၏ အသက်တာ၊ လုပ်ဆောင်ချက်များတို့ကို အတုယူကာ မိမိတို့၏ အသက်တာ၌၎င်း၊ မိမိတို့၏ အသင်းတော်သာသနာ၌ ပါဝင်ဆက်ကပ်သင့်ကြပေသည်။ အသင်းတော်သမိုင်းသည် အသင်းတော်၏ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကောင်းမွေဆိုးမွေ၊ တိုးတက်ခြင်း၊ ဆုပ်ယုတ်ခြင်းများ တို့သည် သမိုင်း၌ အတိအလင်းဖော်ပြထားသည်ဖြစ်ရာ ယူရမည့်သင်ခန်းစာများကိုယူကာ အသင်းတော်၊ သာသနာတော်ကို ဤမြန်မာပြည်ကြီး၌ ဆက်လက်၍ တိုးတက်စည်ပင် ဝဖြိုးဖို့ရန် ဆောင်ရွက်သင့်ကြ ပေသည်။
Comments
Popular posts from this blog
ဒီမိုကရေစီ နှင်. ခရစ်ယာန်ကျင်.ဝတ်
Genesis By Walter Brueggemann
The first book in the Bible; it is the narrative account of beginnings—of the world, of the community of Israel , of faith. It is a theo­logical statement, claiming that all real begin­nings are wrought by the purpose and speech of Yahweh, the God of Israel. Content The beginnings concern the theologi­cal ground of the created world and the origin of Israel among the peoples of the world. Gen. 1-11 is a collection of materials presenting a particu­lar notion of the character of the cosmos. It is clear that while Israel borrows and utilizes the common deposit of ancient Near Eastern tradi­tions in this material, Israel has shaped these appropriated materials to make a particular statement about the character of the world in relation to God. This statement does not concern scientific origins. It asserts that the world is formed by, accountable to, and destined for Yahweh's purposes but is recalcitrant, refusing to be God's obedient creature. The narrative concerns...
ရှင်ပေါလု၏ အရေးအသားများ၌တွေ့ရှိရသော ခရစ်တော်ဗေဒဆိုင်ရာ ဖော်ပြချက်များ (Pauline Christology) ဆရာသက်မောင်ဦး သခင်ယေရှုကိုခရစ်တော်ဘုရားဖြစ်တော်မှုခြင်းအသုံးအနှုန်းများ (Christological vocabulary) ကိုယုံကြည်သူများအားဖေါ်ပြရာ၌ရှင်ပေါလု၏အရေးအသားများမတိုင်မီကပင်တွေ့ရှိနိုင်သည်။ ရှင်ပေါလု ကဤအသုံးမနှုန်းများကိုယေဘုယျအားဖြင့် ယုံကြည်သူစာဖတ်ပရိတ်သတ်များ နားလည်သဘောပေါက်နိုင် ရန်အတွက်သုံးနှုန်းဖေါ်ပြထားခြင်းဖြစ်သည်။ ထို့အတူရှင်ပေါလု၏စာစောင်များ၌ သခင်ယေရှုအားဖေါ်ပြ ထားသောအသုံးအနှုန်းများသည် သူ၏စာပေရေးသားခြင်းဆိုင်ရာထူးချွန်မှုကိုလည်းဖေါ်ပြနေပါသည်။ သခင် ယေရှုအား ဘုရားဖြစ်တော်မှုခြင်း ဆိုင်ရာတင်ပြခြင်းအသုံးအနှုန်းများကို လေ့လာရခြင်းဖြင့်ကနဦးအသင်း တော်တွင်းရှိဓမ္မအတွေးအခေါ် တိုးတက်လာခြင်းနှင့်စာစောင်များကိုမရေးသားမီရှင်ပေါလု၏သခင်ယေရှုအ ပေါ် ထင်မြင်ခြင်းကိုလည်းလေ့လာတွေ့ရှိနိုင်ပါသည်။           ရှင်ပေါလုသည် ရှင်ပြန်ထမြောက်တော်မှုသောခရစ်တော်ကိုဒမသက်မြို့သို့သွားသောလမ်းပေါ်၌ တွေ့ကြုံခဲ့ရသည်။ ဤအတွေ့အကြုံအားဖြင့် သခင်ယေရှုကိုနားလည်ခြင်းပြောင်းလဲခဲ့ရပါသည်။ သူ၏ ပြောင်းလ...