5 SOLAS
by Saya Thet Maung Oo
23 Sept 2022
Solas Scripura (Scripture Alone, သမ္မာကျမ်းစာသာလျင်)
သမ္မာကျမ်းစာသာလျှင် ဘုရားသခင်၏တစ်ခုတည်းသော မှုတ်သွင်းတော်မူခြင်းခံရပြီး၊ အခွင့်အာဏာရှိသော နုတ်ကပါတ်တော်ဖြစ်တော်မူသည်။ လည်းကောင်းတစ်ခုတည်းကသာလျှင် ခရစ်ယာန်တို့၏ယုံချက်၏ အရင်းအမြစ်/ အခြေခံ ဖြစ်တော်မူသည်။ သမ္မာတရားသည် ဘုန်းတော်ကြီးများ၊ သာသနာ့ဝန်ထမ်းများ အတွက်သက်သက်သာ မဟုတ်၊ အားလုံးသုံးခွင့်ရသော/ နားလည်လွယ်သောအရာဖြစ်ရပေမည်။ လူသာ က “ ဘုရား၏ နုတ်ကပါတ်တော် သည် ယုံကြည်ခြင်း၏ အခြေခံ/ စွဲမြဲသောယုံကြည်ချက်ဖြစ်သည်၊ မည်သူကမျှ ဤကဲ့သို့မပြုနိုင်” ဟုဆိုသည်။ ခရစ်ယာန်များသည် ဘုရားသခင်၏မပြောင်းလဲသော/ မဆုံးရှုံးနိုင်သော/ မလဲပြိုနိုင်သော သမ္မာတရားကို ယုံကြည် ကြသည်။ လူသာက သမ္မာတရားကို “ယုံကြည်ခြင်း၏ စည်းမျဉ်းနှင့် ကျင့်သုံးမှု့”( the rule of faith and practice) ဟုခေါ်ဆိုကြသည်။ သမ္မာတရားကို လိုတိုး/ပိုလျှော့လုပ်ခြင်းသည် သမ္မာတရားအခြေခံ ခရစ်ယာန်ဘာသာကို ထိခိုက်စေသည်။ ကယ်လဗင်က သမ္မာတရားပြင်ပ အလေ့အကျင့်နှင့် ယုံချက်များကိုမေးခွန်းထုတ်ခဲ့ပြီး ဘုရား၏နုတ်ကပါတ်တော်အားဖြင့် လည်းကောင်း၊ ဘုရား၏ဖွင့်ပြတော်မူချက်အားဖြင့် လည်းကောင်း၊ နမူနာပြစရာများအားဖြင့် လည်းကောင်း ပြည့်စုံပြီးစီးစေသည် ဟုဆိုခဲ့သည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး သမားများက သမ္မာကျမ်းစာကို လူအများနားလည်နိုင်သော အများသုံးဘာသာစကားဖြင့် ဘာသာပြန်ခဲ့ကြသည်။
Lutheran နှင့် Reformed အသင်းတော်များမှ ဓမ္မပညာရှင်များက သမ္မာတရားသည် အသင်းတော်၏ ထုံးတမ်းအစဉ်အလာများ/ဓလေ့များ ( Church traditions)အပေါ်သို့ လွှမ်းမိုးအုပ်စိုးနိုင်ရမည်ဟုလက်ခံကြသည်။ ထို့အတူ သမ္မာတရားနှင့်ညီသော ကျမ်းအနက်ပြန်ဆိုမှု့များကို ဖွင့်ဆိုနိုင်ရမည်ဟု လက်ခံကြသည်။ အသင်းတော်၏ ထုံးတမ်းအစဉ်အလာများ၊ ယုံချက်များနှင့် သင်ကြားခြင်းများ( traditions, creeds and teachinngs) အားလုံးတို့သည် ဝိညာဉ်တော်မှုတ်သွင်းတော်မူသော ဘုရားသခင်၏ နှုတ်ကပါတ်တော်၏ သင်ကြားဖော်ပြခြင်းများ အားလုံးတို့၏အပေါ်တွင် စုစည်းညီညာခြင်းရှိရမည်။
Sola Fide (Faith Alone, ယုံကြည်ခြင်းသာလျင်)
ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်း ( Justification by faith alone)သည် ကယ်တင်ခြင်းဆိုင်ရာယုံကြည်ချက်အဖြစ် ခရစ်ယာန်ဓမ္မအတွေးအခေါ်၌တွေ့ရသည်။ ယုံကြည်ခြင်းသာလျှင် ဖြောင့်မတ်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်/ ရရှိစေနိုင်သည်။ ဘုရားသည် လူအများဖြောင့်မတ်သည်ကိုသိရှိဖော်ပြသည်။ သူတို့၏ ကောင်းသောအလုပ်များ/ သီလများတို့ကြောင့်မဟုတ်ပေ။ သူတို့၏ယုံကြည်ခြင်းကြောင့်သာဖြစ်သည်။ ကောင်းသောအလုပ်/ သီလများတို့သည်
ယုံကြည်ခြင်းကြောင့်သာဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ရှင်ပေါလုက ပညတ်တရားတစ်ခုတည်းသာလျှင် ဖြောင့်မတ်စေသည်ဟု ရိုးရှင်းစွာမဆိုလိုခဲ့ပေ။ “အလုပ်”( Work/ အကျင့် ဟုလည်းဖော်ပြသည်)သည်လည်းဘဲ မျှတခြင်း(ဖြောင့်မတ်ခြင်း) မရရှိနိုင်ကြောင်းကိုလည်း ခိုင်မာစွာဆိုခဲ့သည်။ ရောမဩဝါဒစာ ၃:၂၀ နှင့် ၂၈တွင် ပညတ်တရား၏လုပ်ဆောင်ချက် များသည် ဖြောင့်မတ်ခြင်းမရှိကြောင်း ဆိုထားသည်။ ဤအကြောင်းအရာများသည် ယေဘုယျအားဖြင့် အလုပ်/အကျင့် ( Work) ကိုဖော်ပြခြင်းဖြစ်သည်။ ရောမဩဝါဒစာ ၄: ၂ တွင် အကျင့်ရှိပါက ဝါကြွားနိုင်စရာဖြစ်ကြောင်း၊ ဘုရားထံယုံကြည်ခြင်းသည် ဝါကြွားစရာမရှိ၊ ယုံကြည်၍ ဖြောင့်မတ်ခြင်းဖြစ်သည် ဟုဖော်ပြသည်။ ရှင်ပေါလုသည် ယုံကြည်ခြင်းနှင့် ဖြောင့်မတ်ခြင်းဆိုသော အရာနှစ်ခုကို ဆန့်ကျင်ဖက်ပြုသော “အကျင့်”အား ဖော်ပြခြင်းဖြစ်သည် (ရောမဩဝါဒစာ ၄: ၂၂-၂၃/ ၂၄ ခ)။ ထို့အတူ ရောမဩဝါဒစာ ၉: ၃၀ တွင်လည်း အကျင့်နှင့် ယုံကြည်ခြင်းဆိုင်ရာဖော်ပြချက်ကိုတွေ့ရသည်။ ဖြောင့်မတ်ခြင်းသည် ယုံကြည်ခြင်းမှ ပေးဆောင်ခြင်းဖြစ်သည်ကို ပေါ်လွင်စေပါသည် ( the righteousness which is of faith)။ ထို့ကြောင့် ယုံကြည်ခြင်းသာလျင်ဆိုသောအချက်မှာ သခင်ယေရူခရစ်တော်အပေါ်ယုံကြည်ခြင်းတစ်ခုတည်းဖြင့် ကျွန်ုပ်တို့သည်ကယ်တင်ခြင်းရရှိသည် ဆိုသောအချက်ဖြစ်ပါသည်။
Sola Gratia (Grace Alone, ကျေးဇူးတော်သာလျင်)
ကျေးဇူးတော်သာလျင်/တစ်ခုတည်း( Sola Gratia) သည် Sola ၅ ချက်ထဲမှတစ်ချက်ဖြစ်သည်။ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ဆုကျေးဇူးတော် (သို့) ကုသိုလ်မပါသော ( unmerited/ လူ့ကျိုးပမ်းမူ့မပါသော) ကရုဏာတော်ကြောင့် သာရရှိသည်။ အပြစ်သားနှင့် ထိုက်တန်၍ (သို့) တစ်စုံတစ်ရာကိုရရှိခံစားနိုင်၍ မဟုတ်ပေ။ ကျေးဇူးတော် (Grace) ဆိုသောဝေါဟာရမှာ (English Standard Version) ကျမ်းစာတွင် စာလုံးရေ ၁၅၀ ကျော်အထိတွေ့ရသည်။ ဓမ္မဟောင်းကျမ်းတွက် ကျေးဇူးတော်( Grace) ဆိုသည်ထက် Gracious- ကျေးဇူးတော်ကြီးမြတ်လှသော ဆိုသောဝေါဟာရကို ပိုမိုတွေ့ရှိရပေသည်။ ကျေးဇူးတော် ( Grace)ဟုဆိုရာ၌ အမျိုးအစား(၂)မျိုးကိုတွေ့ရှိရသည်။ ပဌမအမျိုးအစားမှာ ထိန်းသိမ်းထားသော- Preservation သာမန်/ယေဘုယျ ကျေးဇူးတော် ( Common Grace) ဖြစ်သည်၊ ဒုတိယအမျိုးအစားမှာ ကယ်တင်ခြင်း- Salvation အထူးကျေးဇူးတော် ( Special Grace) ဖြစ်သည်။
ဘုရားသခင်နှင့် သူ၏ဖန်ဆင်းခြင်းတို့ကြား ပြုသောမိသဟာရပြုခြင်းဖြင့် သမ္မာတရား၌ဖော်ပြသော ကျေးဇူးတော် သည် အရေးကြီးသော သင်ကြားပြသသောခေါင်းစဉ်တစ်ခုဖြစ်သည်။ သမ္မာကျမ်းစာ၌ (၂)ချက်ကိုတွေ့ရသည်။ (၁) အချက် လူ၏ကိုယ်ရေကိုယ်သွေး/ အဆိုးအကောင်း/ ကောင်းမြတ်ခြင်း/ တော်ခြင်းများမပါဝင်သော ဘုရားသခင်၏ ဂရုဏာ/ အခွင့်အရေးပေးခြင်းဖြစ်သည် ( the unmerited favour of God)။ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းနှင့် သူ၏လူများထဲသို့ ကျေးဇူးတော်အားဖြင့်မစဖော်ပြခြင်းဖြစ်သည်။ Reformed ဓမ္မအတွေးအခေါ်ပညာရှင်များက သာမန်/ယေဘုယျ ကျေးဇူးတော် ( Common Grace) သည် ဘုရားသခင်၏ ဂရုဏာတော်သက်သက် ( unmerited) အားဖြင့်ဖြစ်ပြီး လည်းကောင်း၌ ကယ်တင်ခြင်းဆိုင်ရာအခွင့်အရေး ( non salvific favour) မပါဟုဆိုကြသည်။ (၂)အချက်မှာ ဘုရား၏ ဂရုဏာတော်အခွင့် ( God’s unmerited favour) သည် အသင်းတော်နှင့် ယုံကြည်သူများ၏ အသက်တာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သည်။ ဘုရား၏ ကျေးဇူးတော်သည် သူကယ်တင်မည်ဟု ဂရုဏာတော်ရှိသောသူအပေါ် ၌အလုပ်လုပ်ရန် ရည်ရွယ်သည်။ သူသည် ကျွန်ုပ်တို့အပြစ်မှ လွတ်ရုံသက်သက် သာမဟုတ်၊ ကျွန်ုပ်တို့ယုံကြည်ခြင်းကို ကြီးထွားရင့်ကျက်စေပြီး ကမ္ဘာကြီးပေါ်ရှိနေစဉ်တွင်ပင် သူ၏ဂုဏ်တော်ကို မြင့်တင်ပေးနိုင်ရန်ဖြစ်သည်။ ဘုရားသခင် ၏ အံဖွယ်သော/ ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသောအလုပ်ဖြစ်သည် ( the gracious work of God )။ ကျွန်ုပ်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရပြီး၊ ကျေးဇူးတော်သည် ကျွန်ုပ်တို့၏ အသက်တာများထဲတွင် လှုပ်ရှားလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ကိုလုပ်ဆောင်စေလို သောအရာများကိုဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။
Solus Christus
(Christ Alone, ခရစ်တော်သာလျှင်)
Slous Christus/ Solo Christo ခရစ်တော်သာလျှင်/တစ်ပါးတည်း (Christ alone) ဆိုသောလက်ခံချက်သည် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေး Sola (၅) ချက်ထဲမှအချက်တစ်ချက်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးသမား များ၏ ကယ်တင်ခြင်းသည် သခင်ယေရူခရစ်တော်တစ်ပါးတည်းထံသို့ ယုံကြည်ခြင်းခြင်းသာလျှင်ဆိုသော လက်ခံယုံကြည် ချက်အပေါ် ဤ Sola များကိုအခြေပြုထားသည်။ တုနိုင်းမရသော သခင်ယေရူသည် ကယ်တင်ရှင်ဖြစ်ကြောင်း လက်ခံချက်ပင်ဖြစ်သည်။ ခရစ်တော်၏ဝိသေသလက္ခဏာ၊ သူ၏အောင်မြင်မူ့များနှင့် ပတ်သက်၍ အချက်ကြီး(၄)ချက် ရှိသည်။ (၁) ဘုရားသခင်သည် မည်သူဖြစ်သနည်း (၂) လူသားများထံမှ ဘုရားသခင်ဘာကိုလိုအပ် သနည်း (၃) အပြစ်သည် အဘယ့်ကြောင့် ဘုရားနှင့်လူသားများကြားတွင် ပြသနာကိုဖန်တီးသနည်း (၄) ဘုရားသခင် ကိုယ်တော်တိုင် မည်သို့ဖြေရှင်းပေး/ အဖြေပေးသနည်း တို့ဖြစ်သည်။
သမ္မာကျမ်းစာဆိုင်ရာပဋိညာဉ်များသည် အချိန်ကာလအလျှောက်ဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ သခင်ခရစ်တော်ကို ဖော်ထုတ်ပြသနိုင်ရန်အတွက် ဤအပိုင်း(၄) ပိုင်းဖြစ်ပေါ်လာသည်။ သမ္မာကျမ်းစာ၏ ပဋိညာဉ်အကြောင်းအရာ များသည် ဘုရားသခင်၏ရွေးနှုတ်ခြင်းအစီအစဉ်နှင့် လည်းကောင်းကိုပြီးမြောက်အောင်မြင်စေသော ခရစ်တော်၏ဝိသေသလက္ခဏာများ နှစ်ရပ်လုံးကိုထုတ်ဖော်ထားသည်။ ဤပဋိညာဉ်အကြောင်းအရာများသည် (၁) လူသားအဖြစ်(လူ့ဇာတိကိုခံယူ၍) ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုဖြည့်ဆည်းပေးသူအဖြစ် (၂) ဘုရားသခင် ကိုယ်တိုင် လူသားနှင့်ပြန်လည်သင့်မြတ်စေပြီး (၃) ဘုရားသခင်၏ ကယ်တင်မူခြင်းဆိုင်ရာ အုပ်စိုးတော်မူခြင်းနှင့် လည်းကောင်း အုပ်စိုးတော်မူခြင်းကိုထူထောင်သူအဖြစ် ခရစ်တော်ကိုလိုအပ်ခြင်း၊ ခရစ်တော်၏ဝိသေသ လက္ခဏာများနှင့် ခရစ်တော်၏ အလုပ်များအားဖြင့်ဖော်ပြခဲ့သည်။ ဤအကြောင်းအရာများကို အဘယ်ကြောင့် ပြုနိုင်သနည်းဆိုသော် ခရစ်တော်တစ်ပါးတည်းကသာ လူ့ဇာတိခံယူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသောကြောင့်ဖြစ်သည်။
ခရစ်တော်အကြောင်းစဉ်းစားရာရာ၌ ကယ်တင်ခြင်းသဘောတရားလည်းပါကြောင်းသိရှိရသည်။ နာခံသောသားတော် အားဖြင့် ဘုရားသခင်ကိုယ်တိုင်ကယ်တင်တော်မူသည်။ သခင်ခရစ်တော်၏ အလုပ်သည်လိုအပ်သည်။ ဤအလုပ်သည် ကယ်တင်ခြင်းအတွက်သာဖြစ်သည်။ အောက်ပါအချက်(၃) ချက်ကိုသိရှိရန်လိုအပ်သည်။
· ဘုရားသခင်သည် နောဧ၊ အာဗြံဟံ၊ ဣသရေလ (မောရှေ)၊ ဒါဝိတ်တို့နှင့် ပဋိညာဉ်ပြုရာ၌ ဘုရားသည်အချိန်ကာလတစ်လျှောက်ကိုယူ၍ ကျယ်ပြန့်စွာလုပ်ဆောင်တော်မူသည်။ တန်ခိုးပါသောလုပ်ဆောင်ချက်များ၊ ညွန်ကြားချက်များဖြင့် ဘုရားသခင်သည် သူ၏လူများကို ကယ်တင်ပေးသောသူဖြစ်သည်။ မေရှိယပေါ်ထွန်းလာမည်ကို ပရောဖက်ပြုခြင်းများဖြင့်ဖော်ပြခဲ့ပြီး ကြိုတင်၍မျှော်လင့်နေရန် သူ၏လူများကိုအဆင့်ဆင့်ပြင်ဆင်ပေးခဲ့သည်။ ထိုမေရှိယကြွလာသော အခါတွင်လည်း ဘုရားသခင်၏ကယ်တင်ခြင်းဆိုင်ရာ သာသနာ့လုပ်ငန်းများအားဖြင့်လည်း ဘုရားသခင်စေလွတ်သော၊ ဘုရားသခင်၏ကတိတော်များအားလုံးပြည့်စုံမည့် မေရှိယဖြစ်ကြောင်းတွေ့ရသည်။
· ဒုတိယအချက်အနေဖြင့် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်သည် ဘုရား၏ကယ်မတော်မူခြင်း/ အသစ်ဖန်ဆင်းခြင်း (redemptive/new creation) သဘောဖြင့် ပေါ်ထွက်လာပါသနည်း။ ဓမ္မဟောင်းကျမ်းထဲတွင် ဘုရားသခင်၏ကယ်တင်တော်မူခြင်း နိုင်ငံတော်သည် သမ္မာကျမ်းစာပဋိညာဉ်နှင့် ပဋိညာဉ်ပြုသူများ၊ အာဒံ၊ နောဧ၊ အာဗြံဟံနှင့် သူ၏ဆွေမျိုးများဖြစ်သော ဣသရေလလူမျိုးများကိုအခြေပြု လျက် ဤလောကကြီးထဲတွင်ထွက်ပေါ်လာသည်။ သို့ရာ၌ ပဋိညာဉ်ပြုသူများအားလုံးတို့ ပျက်ကွက်ခဲ့ကြပြီး၊ ဘုရားသခင်၏ ကတိတော်များကိုမဖြည့်ဆီးနိုင်ကြောင်းတွေ့ရှိရသည်။ စစ်မှန်၍ နာခံမှု့ရှိသော ဘုရားသခင်၏ သားတော်ရောက်ရှိလာမှသာ ဘုရားသခင်၏အုပ်စိုးမှု့သည် နောက်ဆုံးကာလတိုင်ရှိပြီး ဘုရား၏ကတိတော် များပြည့်စုံလာမည်ဖြစ်သည်။ သခင်ခရစ်တော်အားဖြင့် ပဋိညာဉ်တရားသစ်ဖြစ်ပြီး၊ အပြစ်တရားမှ ပြီးပြည့်စုံသော ခွင့်လွတ်ခြင်းကတိတော်ကိုရရှိမည်ဖြစ်သည်။
· တတိယအချက်အနေဖြင့်သမ္မာတရားကို အခြေခံ၍ ပဋိညာဉ်သဘောတရားများကိုလေ့လာပြီး သခင်ခရစ်တော်သည် မည်ကဲ့သို့သောပုဂိ္ဂလ်တော်ဖြစ်တော်မူသည်၊ မည်ကဲ့သို့သောဂုဏ်တော်များရှိနေတော် မူသည်ကိုသိရှိပြီးကိုလေ့လာကြရန်ဖြစ်ပါသည်။ လူသားတို့ပြုသော အပြစ်များသည်စီရင်ခြင်းကို ခံရမည်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလူမျိုးတော်သည်ကန္တာရကိုဖြတ်ကျော်စေပြီး ဘုရားသခင်ကပို့ဆောင်တော်မူခဲ့သည်။ ဘုရားသခင်၏ကယ်တင်တော်မူခြင်းသည် လူအများကို ပျက်စီးခြင်းထဲမှ အသစ်သောထွက်မြောက်ရာပုံစံမျိုးအဖြစ်ကယ်တင်တော်မူမည်ဖြစ်ပါသည်။ (ဟေရှာယ ၄၀: ၃-၅၊ ၁၁)။ အထူးသဖြင့် ကယ်တင်ရှင် သခင်ယေရူခရစ်တော်သည် တိုင်တော်ပေါ်၌အသက်စွန့်တော်မူသော အားဖြင့် ကျွန်ုပ်တို့အားကယ်တင်တော်မူခြင်းသည် အသစ်သောထွက်မြောက်ရာအဖြစ် အပြစ်တရားထဲမှ ကျွန်ခံနေရာမှ လွတ်မြောက်စေခဲ့ပါသည်။
Soli Deio Gloria (Glory to God alone, ဘုရားသခင်၏ဘုန်းတော်သာလျှင်)
ဘုရားသခင်၏ ဘုန်းတော်သာလျှင်/ ဘုန်းတော်တစ်ပါးတည်းသာလျှင် ဆိုသောသဘောသည် ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေး၏ Sola များထဲမှတစ်ချက်ဖြစ်သည်။ Westminster Catechism တွင်ဖော်ပြသည်မှာ “လူသား၏ အဓိက/အကြီးဆုံး အဆုံးသတ်မှာ ဘုရားသခင်အားဂုဏ်တော်ကိုထင်ရှားစေရန်နှင့် ဘုရားသခင်အားထာဝရ ကျေနပ်စေရန်” ဟုဖော်ပြထားသည် (“Man’s chief end is to glorify God and enjoy him forever.”)။ ပြုပြင်ပြောင်းလဲရေးသမားများက ဤအချက်သည် အဓိကအချက်ဖြစ်သည်ဟုလက်ခံကြသည်။ အရာအားလုံး၌ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှာခြင်းဖြင့် နေထိုင်အသက်ရှင်ကြရန်လိုကြောင်းသက်သေပြသည်။ နောက်ဆုံးအနေဖြင့် ဘုရားဘုန်းတော်အတွက် အသေခံခြင်းဖြစ်စေပါမူ၊ လည်းကောင်းအသေခံခြင်းသည် ထိုက်တန်သောယဇ်တစ်ခုဖြစ်သည်ဟုမြင်ကြသည်။ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးတွင် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရေး ထက်သာလွန်သောအကြောင်းအရာမရှိပါ။ ပြုပြင်ပြောင်းလဲရေးသမားများ၏ အရေးအသားများတွင် ထာဝရဘုန်းအသရေရှိတော်မူသော ဘုရားသခင်ကိုမြှင့်တင်ဖော်ပြရန်ကြိုးပမ်းခဲ့ကြသည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏ဘုန်းတော်ကိုလေးလေးနက်နက်ဖော်ပြခဲ့သည်။ ဖော်ပြသောအသုံးအနှုံးများသည် လည်းလေးနက်မှု့ရှိသည်။ ဘုရားသခင်၏ဘုန်းတော်ကိုမချီးမြှောက်သော ဓမ္မအတွေးအခေါ်သည်လွဲမှားသော အတွေးအခေါ်၊ အယူမှားသောသဘောပင်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး၏ အဓိကအတွေးအခေါ်ဖြစ်ပြီး အင်္ဂလိပ်ဝေါဟာရ Glory သည် လက်တင်စကားလုံး Gloria နှင့် ဂရိဝေါဟာရ Doxa ဟေဗြဲဝေါဟာရ Kabod မှဆင်းသက်လာပြီး “အလေးချိန်”သို့ “လေးလံခြင်း”ဟုအဓိပ္ပာယ်ရသည်။ ဘုရားသခင်၏ဘုန်းတော်သည် “သူ၏အရေးကြီးမှု့၊ ဂုဏ်သိက္ခာနှင့် အရေးပါမှု့တို့ကို ရည်ညွန်းဖော်ပြသည်။ ကယ်တင်ခြင်း၏ အဓိကအကြောင်း အရာမှာဘုရားသခင်၏ဘုန်းတော်ဖြစ်သည်။
Comments
Post a Comment