အသင်းတော်သမိုင်းဘာသာရပ်ကိုလေ့လာရန် အဘယ်ကြောင့်လိုအပ်ခြင်း . . . ဆရာသက်မောင်ဦး နိဒါန်း သမိုင်းဆိုသည်မှာ လူသားများအတိတ်ကာလက လုပ်ဆောင်ခဲ့သောအရာများကို အဓိကရေးသားထားသော မှတ်တမ်းဖြစ်ပေသည်။ လူသားတို့၏ အချိန်ကာလများအတွင်း ဖြစ်ပျက်ခဲ့သော အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အနိမ့်အမြင့်၊ အတက်အကျ၊ အဖြစ်အပျက်များတို့ကို အရှိအတိုင်းတင်ပြထားကာ နှောင်းလူတို့ပြန်လည်လေ့လာဖတ်ရူ၍ သင်ခန်းစာရယူ စေနိုင်ရန် ရည်ရွယ်ပါသည်။ လူတိုင်းလူတိုင်းသည် မိမိတို့၏ လူမျိုး (သို့မဟုတ်) နိုင်ငံ၏ သမိုင်းကို၎င်း၊ ကမ္ဘာကြီး၏သမိုင်းဖြစ်စဉ်များကို သိရှိထားသင့်ပါသည်။ ဤအသိသည် ပို၍ကောင်းသော နိုင်ငံသာများအဖြစ်ကို၎င်း၊ မိမိတို့၏တာဝန်ဝတ္တရား၊ တာဝန်ခံမူ့ တာဝန်ယူမူ့များတို့ကို ပို၍သိရှိလိုက်နာလာစေသည်။ ထို့အတူ အသင်းတော်သမိုင်း ဘာသာရပ် သည်လည်း ဤကဲ့သို့ပင်ဖြစ်ပါသည် အသင်းတော်သမိုင်း ကြောင်း တစ်လျှောက် ခရစ်ယာန်တို့၏ ကောင်းခြင်း ဆိုးခြင်းများ၊ အခြားသူများနှင့် ဆက်ဆံခြင်းများ၊ အခြားဘာသာ ယုံကြည်ချက်ရှိသူများနှင့် စစ်ပြုခြင်းများ၊ အသင်းတော်၏ လူမူ့ရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ သာသနာပြုပုံများ၊ ကောင်းခြင်းများ၊ ဆ...