ရှင်ပေါလု၏ အရေးအသားများ၌တွေ့ရှိရသော
ခရစ်တော်ဗေဒဆိုင်ရာ ဖော်ပြချက်များ
(Pauline Christology)
ဆရာသက်မောင်ဦး
သခင်ယေရှုကိုခရစ်တော်ဘုရားဖြစ်တော်မှုခြင်းအသုံးအနှုန်းများ
(Christological vocabulary) ကိုယုံကြည်သူများအားဖေါ်ပြရာ၌ရှင်ပေါလု၏အရေးအသားများမတိုင်မီကပင်တွေ့ရှိနိုင်သည်။
ရှင်ပေါလု ကဤအသုံးမနှုန်းများကိုယေဘုယျအားဖြင့် ယုံကြည်သူစာဖတ်ပရိတ်သတ်များ နားလည်သဘောပေါက်နိုင်
ရန်အတွက်သုံးနှုန်းဖေါ်ပြထားခြင်းဖြစ်သည်။ ထို့အတူရှင်ပေါလု၏စာစောင်များ၌ သခင်ယေရှုအားဖေါ်ပြ
ထားသောအသုံးအနှုန်းများသည် သူ၏စာပေရေးသားခြင်းဆိုင်ရာထူးချွန်မှုကိုလည်းဖေါ်ပြနေပါသည်။
သခင် ယေရှုအား ဘုရားဖြစ်တော်မှုခြင်း ဆိုင်ရာတင်ပြခြင်းအသုံးအနှုန်းများကို လေ့လာရခြင်းဖြင့်ကနဦးအသင်း
တော်တွင်းရှိဓမ္မအတွေးအခေါ် တိုးတက်လာခြင်းနှင့်စာစောင်များကိုမရေးသားမီရှင်ပေါလု၏သခင်ယေရှုအ
ပေါ် ထင်မြင်ခြင်းကိုလည်းလေ့လာတွေ့ရှိနိုင်ပါသည်။
ရှင်ပေါလုသည်
ရှင်ပြန်ထမြောက်တော်မှုသောခရစ်တော်ကိုဒမသက်မြို့သို့သွားသောလမ်းပေါ်၌ တွေ့ကြုံခဲ့ရသည်။
ဤအတွေ့အကြုံအားဖြင့် သခင်ယေရှုကိုနားလည်ခြင်းပြောင်းလဲခဲ့ရပါသည်။ သူ၏ ပြောင်းလဲခြင်းမှ
သူသည်သခင်ယေရှုအားဣသရေလတို့၏
စစ်မှန်သောကယ်တင်ရှင်အဖြစ်လက်ခံခဲ့ပါ သည်။ ကားတိုင်၌အသေခံတော်မှုသော သူသည် ယခုရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်း
ယုံကြည်ခဲ့သည်။ သခင်ယေရှု၏ဂုဏ်တော် အတွက် သူသည်အဓိကကြိုးစားအားထုပ်လုပ်ဆောင်ရမည့်အလုပ်ဖြစ်ကြောင်း
(ကော ၁) ၌ဖော်ပြခဲ့ပါသည်။ ရှင်ပေါလုသည်အဓိကအားဖြင့်ခရစ်တော်ဗေဒ (Christology) ကိုကယ်တင်
ခြင်းဆိုင်ရာဗေဒ (Soteriology) မှ ကင်းကွာကာဖော်ပြခြင်းမရှိခဲ့ပေ။
(၁)
လူသားအသွင်ရှိသောမှုသောသခင်ယေရှုခရစ်တော် (Humanity of Jesus Christ)
ရှင်ပေါလုကသခင်ယေရှုသည်ယနေ့တိုင်လူသားအသွင်ဇာတိဖြင့်ရှိနေကြောင်းတင်ပြသည်။
သခင် ယေရှုကိုဖေါ်ပြရာ၌ လူသားအသွင်ဖြင့်တင်ပြရန် ရှင်ပေါလုသည် လူသားသဘောဆန်သောဝေါဟာရများ
(anthropological terms) မျာကိုလည်းကောင်း၊ ကယ်တင်ခြင်းနှင့် သမိုင်းဆိုင်ရာနောက်ခံသဘောများကို
သုံးစွဲဖော်ပြခဲ့သည်။ (ရောမ ၅း၁၅) နှင့်(၁ကော ၁၅း၂၁) တို့၌ ယေရှုခရစ်တော်အားလူသား
(Anthropos/ man) အဖြင့်ပထမဆုံးလူသားအာဒံနှင့်ယှဉ်၍ဖော်ပြခဲ့သည်။ ရှင်ပေါလုကသခင်ယေရှုနှင့်အာဒံအား
ကောင်း ကင်မှလူသား (man from heaven) နှင့်လောကမှလူသား (man from earth) (၁ကော ၁၅း၄၇-၄၈)
အ ဖြင့်ကွဲပြားစွာဖော်ပြခဲ့သည်။ ထို့အတူ (၁တိ ၂း၅) ၌လည်းသခင်ယေရှုကို
(anthropos/man) အထူးသဖြင့် ဘုရားသခင်နှင့်လူသားများကြား၌နေသော (သို့) ကြားဝင်ရပ်တည်ပေးသူ
(mediator) အဖြင့်ဖော်ပြခဲ့ပါ သည်။ သခင်ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ် “ အပြစ်မဲ့သော၊
အပြစ်ကင်းသောလူသားအသွင်” (in the likness of sinful flesh) အဖြင့်သုံးနှုန်းခဲ့ပါသည်
(ရော ၈း၃)။ ထို့အတူရှင်ပေါလုသည်သခင်ယေရှု ၏ကိုယ်ခန္ဓာတော် (ရော ၇း၎) ၌ဖော်ပြခြင်းအားဖြင့်
သခင်ယေရှု၏ရုပ်ပိုင်းဆိုင် ရာရပ်တည်ခြင်းသဘောကို ဖော်ပြခဲ့သည်။ ထို့အတူ (ဧဖက် ၂း၁၄-၁၅)
၌ “ကိုယ်ခန္ဓာတော်” ဆိုသောသဘောဖြင့် ယုဒနှင့်တပါးအမျိုး သားတို့ကြားရှိ ရန်ငြိုးဖွဲ့ခြင်းကိုဖြိုဖျက်ခြင်းဖြင့်
သခင်ယေရှု၏ရပ်တည်မှုတို့အားဖြည့်ဖော်ပြထားပါသည်။ (ရော ၉း၅) ၌လည်း “ဇာတိအားဖြင့်”
(according to the flesh) ဆိုသောဝေါဟာရဖြင့် သခင်ယေရှု၏ လူသားဇာတိကိုဖော်ပြခဲ့သည်။
(ဂလာ ၁း၁၉) ၌ သခင်ယေရှု၏ညီတော် ယာကုပ် (James) နှင့်ဆက်နွယ် ခြင်းဖြင့် သခင်ယေရှုသည်လူသားဇာတိရှိကြောင်း၊
လူသားသဘောရှိကြောင်းဆက်လက်တင်ပြခဲ့သည်။
(၂)
ဖန်ဆင်းခြင်းကာလမတိုင်မီကပင် သခင်ယေရှုတည်ရှိခြင်း (Preexistance of Jesus Christ)
ရှင်ပေါလုကသခင်ယေရှုသည်သာမန်တစ်ဦးထက်ပို၍
တည်ရှိနေခြင်းကိုဖော်ပြရာ၌ကနဦးကာလ၊ ဖန်ဆင်းခြင်းကာလမတိုင်မီကပင် သခင်ယေရှု၏တည်ရှိမှုကိုဖော်ပြထားပါသည်။
(ဂလာ ၄း၎) ၌ သားတော် ကိုဘုရားသခင်စေလွှတ်သောမူဟုဖော်ပြခဲ့ရာ၌ “စေလွှတ်” (send forth)
သည်သခင်ယေရှုမှုလကပင် တည်ရှိနေခြင်း (Preexistence) ကိုရည်ညွှန်းပါသည်။ အဘယ်ကြောင့်ဆိုသော်
မူလကပင်တည်ရှိနေသူ (သခင်ယေရှု) ကိုစေလွှတ်သူ (ဘုရားသခင်) က စေလွှတ်ကြောင်းဖော်ပြနေပါသည်။
ဤမူလကပင်တည်ရှိ နေသူသားတော်သည် လူသားပုံသဏ္ဍာန်တော်ကိုယူရန် လူဇာတိ (လူသားမိန်းမ၀မ်း၌ပဋိသန္ဓေယူကာ)
ဖြစ် မွေဖွားခဲ့ပါသည်။ သခင်ယေရှု၏ကြိုတင်တည်ရှိခြင်း (Preexistence) ကိုဖော်ပြရာ၌ ဓမ္မသစ်ပညာရှင်
Raymond E-Brown မှအောက်ပါအချက်များဖြင့်ထောက်ခံတင်ပြထားပါသည်။
(က) မောရှေနှင့်အာဗြံဟံတို့ကာလကတည်းကပင်တည်ရှိနေခြင်း
အချို့သောသမ္မာကျမ်းဖော်ပြချက်များ၌
သခင်ယေရှုကိုဓမ္မဟောင်းကျမ်းဖြစ်စဉ်များ၌ယှဉ်၍တင်ပြ ချက်များကိုတွေ့ရှိရပါသည်။ (ယောဟန်
၃း၁၄) ၌မောရှေ၏တော၌ မြွေကိုမြှောက်သကဲ့သိုလူသားသည် မြှောက်ထားခြင်းခံရမည်၎င်း၊ (၁ကော ၁၀း၁-၄)
၌ဘိုးဘေးများသည်မောရှေနှင့် အတူ၎င်းတို့နောက်မှလူ များသည် ဓမ္မရေထွက်ရာကျောက်မှရေကိုသောက်ကြကြောင်း၊
၎င်းကျောက်သည် ခရစ်တော်ဖြစ်ကြောင်း တင်ပြခဲ့သည်။ (မဿဲ ၁း၂) ၌ သခင်ယေရှု၏ဆွေတော်မျိုးတော်စာရင်း၌
အာဗြံဟံကိုတွေ့ရှိရသည်။ ထို့ပြင် (ယော ၈း၅၆) ၌ လည်းသခင်ယေရှု၏ကြွလာခြင်း၌ အာဗြံဟံ၏ဝမ်းမြောက်ခြင်းကိုဖော်ပြထားပါသည်။
ယုဒလူတို့၏ဆန့်ကြင်ခြင်းကိုသခင်ယေရှုတွေ့ကြုံရသောအခါ၊ သခင်ယေရှုက အာဗြံဟံမရှိမီကပင်သူ
တည် ရှိကြောင်း (၈း၅၈) ၌ဖော်ပြခဲ့သည်။
(ခ) အာဒံနှင့်ယှဉ်တွဲဖော်ပြခြင်းဖြင့်အာဒံ၏ကာလကပင်တည်ရှိနေခြင်း
ရှင်လုကာ၏ခရစ်ဝင်ကျမ်း၌သခင်ယေရှု၏ဆွေတော်မျိုးတော်စာရင်း၌
သခင်ယေရှုကိုဘုရားသခင် ၏သားအာဒံမှဆင်းသက်လာကြောင်း ( လုကာ ၃း၃၇) ၌ ဖော်ပြထားသည်။ ထို့အတူ
(ရော ၅း၁၂-၁၇) ၌ လည်း သခင်ယေရှုနှင့်အာဒံကို ယှဉ်တွဲဖော်ပြထားပါသည်။ လူအာဒံအားဖြင့်
လူအများသည်သေခြင်းသို့ ရောက်ကြပြီး၊ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကြောင့်
လူများသည်ကယ်တင်ခြင်းဆု ကိုခံရကြောင်းဖော်ပြပါသည်။
(၃)
ရှင်ပေါလုအရေးအသားများထဲမှ သခင်ယေရှုခရစ်သည် ဘုရားဖြစ်ကြောင်းသက်သေခံဖော်ပြချက်များ
အောက်ဖော်ပြပါအချက်များအားဖြင့်သခင်ယေရှု၏ဘုရားဖြစ်ခြင်းဂုဏ်တော်များကိုတွေ့ရှိရပါသည်။
(က) ဘုရားသခင်နှင့်အတူဖြစ်ခြင်း
(equality with God)း
ရှင်ပေါလုကသခင်ယေရှုခရစ်တော်သည် ဘုရားသခင်နှင့်တူညီသော ဂုဏ်တော်ရှိကြောင်း ဖော်ပြပါသည်။
ဂရိဘာသာစကားအားဖြင့် (to einaiisatheo) ဟုသုံးခဲ့ပြီးအဓိပ္ပါယ်မှာ ဘုရားသခင်နှင့်တူညီခြင်းရှိသော(
to be equal with God) ဟုဖော် ပြခဲ့သည်။ (၂ကော ၄း၎)
(ခ) ဘုရားသခင်၏ပုံသဏ္ဍာန်တော်ဖြစ်ခြင်း
(the image of God)
း သခင်ယေရှုခရစ်တော်သည် မမြင်နိုင် သောဘုရားသခင်၏မျက်မြင်ပုံသဏ္ဍာန်ဖြစ်သည် (ကော ၁း၁၅)။
ရုပ်ပိုင်းဆိုင်ရာပုံသဏ္ဍာန်တော်(သို့) ပုံတူ ကူးချထားသကဲ့သို့ဖြစ်တော်မှုခြင်းရှိသောသဘောပင်ဖြစ်ပါသည်
(ဖိ ၂း၆-၉)။
(ဂ) သခင်ဖြစ်တော်မှုခြင်း (Jesus is
Lord)း (၂သက် ၂း၎)
၌ သခင်ယေရှုခရစ်၏ ဂုဏ်တော်ကိုဖော်ပြ ပြီးအရှင်သခင်ဖြစ်တော်မှုကြောင်းဖော်ပြပါသည်။ ငြိမ်းချမ်းခြင်းအရှင်
ဆိုသောသဘောကိုလည်းတွေ့ ရှိရပါ သည်။
(ဃ) ကယ်တင်ရှင်ဖြစ်တော်မူခြင်း
(Jesus Christ is Savior)
း ၁တိနှင့်၂တိတို့၌ လူသားများကိုကယ်တင် သောကယ်တင်ပိုင်ရှင်အဖြစ်ဖော်ပြပါသည် (၁း၉-၁၀)။
၁တိသည် အဓိကအားဖြင့်သခင်ယေရှု၏ဘုရားဖြစ် တော်မှုခြင်း (the divinity of Christ) ဘုရားသခင်စေလွှတ်တော်မှုသော
ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင် သခင်ယေရှုသည် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းကိုဖော်ပြပါသည်။
၂တိ၌ သခင်ယေရှုနိုင်ငံတော်ကိုအုပ်စိုးမည့် အရှင်သခင်ဖြစ်ဖော်ပြပါသည်။
(င) အစေခံ (Servant)း ဖိလိပ္ပိသြ၀ါဒစာထဲ၌ သခင်ယေရှုသည်ဘုရားသခင်၏
ပုံသဏ္ဍာန်တော်ရှိသည် ဟုဖော်ပြရုံမျှမကအစေခံတစ်ဦး၏အသွင်မျိုးပါရှိသည် ဟုဖော်ပြပါသည်။
ထို့အတူ (ဖိ ၂း၉) ၌ သခင်ယေရှု သည်အခြားသောအမည်နာမများထက်ပို၍သာလွန်သောနာမတော်ရှိသူဟုဖော်ပြသည်။
(စ) ဖန်ဆင်းသမျှတို့ထဲ၌ ပထမဆုံးဖြစ်ခြင်း
(Prộtotokos - First born of creation)
း သခင်ယေရှုသည် ဖန်ဆင်ခြင်း၏အစိတ်အပိုင်းတစ်ခု (သို့) ဖန်ဆင်းခံတစ်ခုမဟုတ်ကြောင်းကို
(ကော ၁း၁၆-၁၇) ၌ သူသည် အရာအားလုံးဖန်ဆင်းတော်မှုကြောင်းဖော်ပြခဲ့သည်။ အရာအားလုံးသည်သူ၌ဖန်ဆင်းခြင်း
(သို့) တည်ရှိခြင်း ဆိုသောဝေါဟာရအသုံးအနှုန်းကိုမှုရင်းဂရိဘာသာစကား၌ sunestekenai ဟုအဓိပ္ပါယ်ရပါသည်။ ပထမ ဆုံးဖြစ်သောအရာအဖြင့်
သခင်ယေရှုခရစ်ကိုတင်စားရာ၌ prototokosသည် “ဖန်ဆင်းခံသောအရာ” ဟု အဓိပ္ပါယ်မရပဲ၊ စကြာဝဠာကြီးထဲ၌ရှိသော
ပထမဆုံးသောသူဟုသုံးနှုန်းဖော်ပြခြင်းဖြစ်သည်။
(ဆ) အမြင့်ဆုံသောအရာ (Archệ - Chief/beginning)း ၎င်းသည် (ကော ၁း၁၈) ၌ဖော်ပြသောအရာ ဖြစ်
၍အနက်အဓိပ္ပါယ်ဖွင့်ရန်ခက်ခဲလှပါသည်။ မူလအရင်း၊ ကနဦး (Beginning) ဟုအနက်အဓိပ္ပါယ်ရသကဲ့သို့၊
ဂရိဘာသဖြင့် arche-chief ဟုလည်း အနက်အဓိပ္ပါယ်ပြန်ဆိုနိုင်ပါသည်။
(၁ကော ၁၅း၂၀၊ ၂၃) ၌ ခရစ်တော်ကို “ပထမဆုံးသောအသီးအနှံ” (aparchê - Frist fruits) အဖြစ်တင်ပြထားပါသည်။
(ဇ) ဘုရားဖြစ်တော်မှုခြင်း အပြည့်ရှိသောသဘော
(Fullness of Deity)
း (ကော ၁း၁၉) ဘုရားသခင်သည် သူ၏ ပြည့်ဝသော ဘုရားဖြစ်တော်မှုခြင်းကိုသခင်ယေရှုထံတော်၌ ရှိစေကြောင်းကိုတွေ့ရှိရပါသည်။
ဘုရား သခင်သည်သူ၏ဘုရားဖြစ်တော်မှုခြင်းဂုဏ်တော် (the fullness of deity) ကိုသခင်ယေရှုခရစ်၌အလုံးစုံ
ပြည့် မှုရှိစေကြောင်းတွေ့ရှိရပါသည်။
(၄)
ရှင်ပေါလု၏အရေးအသားများ၌ ဘုရားသခင်၏၀ိညာဉ်တော်နှင့်သခင်ယေရှု၏ ၀ိညာဉ်တော်ဟူသော အသုံးအနှုန်းသည်အပြန်အလှန်လဲလှယ်သုံးစွဲနိုင်ကြောင်းဖော်ပြခြင်း
(Spirit of God interchargable with spirit of Christ)
ရှင်ပေါလု၏အရေးသားချက်များ၌ “ဘုရားသခင်၏၀ိညာဉ်တော်”
ဆိုသောဝေါဟာရနှင့်တူညီစွာ သုံးစွဲသောအခြားအရာတစ်ခုမှာ “သခင်ယေရှု၏၀ိညာဉ်တော်” ဖြစ်ပါသည်။
(ရောမ ၈း၉-၁၁) “ဘုရားသခင် ၏၀ိညာဉ်တော် - the spirit of God ဟုသုံးစွဲခဲ့ပြီး (၈း၉(က))၊
နောက်ပိုင်း(၈း၉(ခ)) ၌ သခင်ယေရှုခရစ်၏ ၀ိညာဉ်တော်ဟုဆက်လက်ဖော်ပြပြန်သည်။ ဤနေရာ၌ဤအသုံးအနှုန်းနှစ်ရပ်စလုံးသည်
ရှင်ပေါလုအတွက် တူညီသောဝေါဟာရတစ်ခုဖြစ်နိုင်ပါသည်။ ဘုရားသခင်နှင့်ယေရှုတို့ နှစ်ဦးစလုံးကို
တူညီသောလုပ်ဆောင် ချက်၊ သဘောမျိုးဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ ထို့အတူ (ဂလာ ၄း၆) ၌
“သားတော်၏၀ိညာဉ်တော်” ဟု ဖော်ပြခဲ့ပြီး (ဖိလိပ္ပိ ၁း၉) ၌လည်း “သခင်ယေရှုခရစ်တော်၏၀ိညာဉ်တော်”
ဟုဆက်လက်ဖော်ပြခဲ့ပါသည်။ ရှင်ပေါလု၏နားလည်ခြင်း၌ ဤ၀ိညာဉ်တော်သည်တူညီသောသဘောမျိုးဖြင့်ယူဆကာ
ဖော်ပြခဲ့ခြင်းမျိုးဖြစ် နိုင်သကဲ့သို့သူ၏စာဖတ်သူများကိုစိတ်ရှုပ်ထွေးမှုမဖြစ်စေလိုသောရည်ရွယ်ချက်မျိုးလည်းရှိစေနိုင်သည်။
နိဂုံး
ရှင်ပေါလုက
သခင်ယေရှုသည် မေရှိယကယ်တင်ရှင်ဖြစ်၍၎င်းနှင့်တူညီသော ဝေါဟာရမှာ ဘုရား သခင်၏သားတော်ဖြစ်ကြောင်းသူ၏ရေးသားချက်အချို့၌သုံးစွဲခဲ့သည်။
လူသားအသွင်ဖြင့်သူလက်ခံခဲ့သော် လည်းသခင်ယေရှု၏လူသားအသွင်၌အပြစ်ကင်းစင်ကြောင်းဖော်ပြခဲ့သည်။
ဘုရားသခင်နှင့်သားတော်ကြား စံပြုထိုက်သောမိတ်သဟာယဖွဲ့ခြင်းကို ရှင်ပေါလုတင်ပြခဲ့ပြီးဖန်ဆင်းခြင်းမတိုင်မီကပင်
သခင်ယေရှုတည်ရှိ နေခြင်းကိုထောက်ပြခဲ့ပါသည်။ ထို့အတူဘုရားသခင်၏စစ်မှန်သောဘုရားဖြစ်ခြင်းသဘောသည်သခင်ယေရှု
ထံတော်၌ရှိကြောင်းလည်းတင်ပြခဲ့ပါသည်။ ၎င်းပြင် ခမည်းတော်နှင့်သားတော်တို့၏ ၀ိညာဉ်တော်သည်တူ
ညီမှုရှိသောသဘောကိုလည်းတင်ပြခဲ့သည်။ ရှင်ပေါလုသည် သခင်ယေရှုခရစ်တော်၏ စစ်မှန်သောဘုရား
ဖြစ်ခြင်းကိုသူ၏အရေးအသားများ၌ကောင်းစွာတင်ပြခဲ့ပါသည်။
Ref;
- Gordon D. Fee, “Pauline
Christology An Exegetical Theological Study (Peabody, Mass: Hendrickson,
2007)
- Oscan Cullmann, The
Christology of the New Testament (London: SCM Press, 1995)
- William Barclay, The Mind
of Jesus (San Franciso: Harper Collins Publishers, 1961)
- Raymond E. Brown, An
Introduction to the New Testament (New York: Doubleday Dell
Publishing, 1997)
- ________________, An Introduction to New
Testament Christology (New York; Paulisd Press, 1994)
- Barry D. Smith, Pauline Christology
http://www.abu.nb.ca/courses/pauline/Jesus.htm,accessed date 23.11.2012
Comments
Post a Comment