မေးခွန်း:
သမ္မာကျမ်းစာထဲတွင် ခရစ်ယာန်များအရက်သောက်သုံးခြင်းနှင့် ပတ်သက်၍ ဖော်ပြထားခြင်းရှိပါသလား။
ခရစ်ယာန်တစ်ဦးအတွက် အရက်သောက်သုံးခြင်းသည် အပြစ်ဖြစ်ပါသလား။
အဖြေ: ။အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍သမ္မာကျမ်းစာထဲတွင် ဖော်ပြချက်များစွာရှိ သည် (၀တ်ပြု၊ ၁၀း၉ ၊ တောလည်၊ ၆း၃၊ တရား၊ ၂၉း၆၊တရားသူ၊ ၁၃း၎၊၇၊ ၁၄၊ သုတ္တံ၊ ၂၀း၁၊ ၃၁း၎၊ ဟေရှာ၊ ၅း၁၁၊ ၂၂၊ ၂၄း၉၊ ၂၈း၇၊ ၁၉း၉၊ ၅၆း၁၂)
ဘီယာ သောက်သုံးခြင်း၊ ၀ိုင်နှင့်အခြားမူး ယစ်ဆေးဝါးများသုံးဆောင်ခြင်းမပြုရန် သမ္မာကျမ်းစာက
တားမြစ်ထားခြင်းမရှိပေ။ အချို့သော ကျမ်းပိုဒ်များတွင် အရက်ကို ဆေးဝါးအဖြစ်အသုံးပြုရန်
ဖော်ပြထားပါသည်။ ဒေသနာ၊၉း၇ ထဲတွင် “ရွှင်လန်းသောစိန်နှင့်စပျစ်ရည်ကို သောက်လော့” ဟုဖော်ပြထားပါသည်။
ဆာလံ၊ ၁၀၄း၁၄-၁၅ ထဲတွင် “စပျစ်ရည်သည်လည်း လူတိုကို ရွှင်လန်းစေ၏” ဟု ဖော်ပြထားပါသည်။
အာမုတ်၊ ၉း၁၄ တွင် ဘုရားသခင်က ကောင်းကြီးမင်္ဂလာချပေးသောကြောင့် သူတို့သည် မိမိဥယျဉ်မှ
ထွက်သော စပျစ်ရည်ကို သောက်သုံးကြပါလိမ့်မည် ဟုဖော်ပြထားပါသည်။ ဟေရှာ၊ ၅၅း၁ တွင် “ငွေမပါဘဲ၊
အဘိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့် နို့ကို ၀ယ်ကြလော့” ဟုဖော်ပြထားပါသည်။
အရက်သောက်ခြင်းနှင့်ပတ်သက်၍အလွန်အကျူးသောက်သုံးခြင်းမပြုရန် ဘုရားသခင်က ယုံကြည်သူများကို အကျပ်အတင်း တားမြစ်ထားပါသည်(ဧဖက်၊ ၅း၁၈)။ အရက်ကို အလွန်အကျွံ သောက်သုံးသောသူများကို ဘုရားသခင်က တားမြစ်ထားပါသည်(သုတ္တံ၊ ၁၃း၁၉-၃၅)။ ခရစ်ယာန် များသည် မိမိကိုယ်ခန္ဓာကို တစုံတခု၌ ကျွန်မခံရန် သမ္မာကျမ်းစာက
တားမြစ်ထားပါသည် (၁ကော၊ ၆း၁၂။ ၂ပေ၊ ၂း၁၉)။ အရက်ကို အဆက်မပြတ်သောက်သုံးခြင်းသည် အရက်ကို
စွဲလမ်း ခြင်းဖြစ်သည်။ ခရစ်ယာန်တို့သည် ပြုလေသမျှ၌ အခြားခရစ်ယာန်များ လှဲကျစရာဖြစ်စေသော
အပြုအမူ (သို့) အခြားသူများ အပြစပြုစေတတ်သော အပြုအမူများ မဖြစ်စေရန်အတွက် သမ္မာ ကျမ်းစာက
တားမြစ်ထားပါသည် (၁ကော၊ ၈း၉-၁၃)။ ထို့ကြောင့် ဤအကြောင်းနှင့်ပတ်ပက်၍ ခရစ်ယာန်များသည်
အရက်ကို အလွန်အကျွံသောက်သုံးလျှင် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်ဟု လက်မထောင်ပြော ကြားရန်
အလွန်ခဲယဉ်းလှပါသည် (၁ကော၊ ၁၀း၃၁)။
သခင်ယေရှုကရေမှစပျစ်ရည်သို့ ပြောင်းလဲစေခဲ့သည်။ ထိုအချိန်တွင် သခင်ယေရှုသည် စပျစ်ရည် သောက်သုံးနိုင်ပေသည်
(ယော၊ ၂း၁-၁၁၊ မဿဲ၊ ၂၆း၂၉)။ ဓမ္မသစ်ခေတ်ကာလတွင် ရေ သည် သန့်ရှင်းမှုမရှိခဲ့ပေ။ ရေသည်
ယခုကဲ့သို့ကျန်းမာရေးနှင့် ညီညွတ်ရန် သန့်စင်ခြင်းမပြုလျှင်၊ ရောဂါပိုး၊ အလွန်သေးငယ်သောရောဂါပိုးမွှားများနှင့်
အခြားညစ်ညမ်းသောအရာများသည် ရေထဲ တွင်ပါဝင်နိုင်သည်။ ယနေ့တိုးတက်ဖွံ့ဖြိုးမှုမရှိသောနိုင်ငံများတွင်လည်း
ထိုအတိုင်းဖြစ်သည်။ ထို့ကြောင့်လူတွေက ညစ်ညမ်းမှုနှင့် ကင်းစင်ရန် စပျစ်ရည်ကို သောက်သုံးခြင်းဖြစ်သည်။
၁တိ၊ ၅း၂၃ ထဲတွင် တိမောသေက ရေကိုသာအသောက်ဘဲ စပျစ်ရည်ကိုသုံးဆောင်ရန် ရှင်ပေါလုက ညွှန်ကြားထားပါသည်။(သူသည် ရေကိုသောက်သုံးလျှင် သူ၏အစာအိမ်ကို ဆိုးရွားစွာ ထိခိုက်နိုင် ပေသည်)။ ထိုအချိန်တွင်
စပျစ်ရည်ထဲတွင် မူးယစ်ဆေးဝါးပါဝင်လျက်ရှိသည်။ ယနေ့သောက်သုံး သောစပျစ်ရည်နှင့်ခြားနားမှုရှိနိုင်သည်။
စပျစ်ရည်သည် အချိုရည် ဖြစ်ရမည်။ ထိုအချိန်တွင် သောက်သုံးရသောစပျစ်ရည်သည် ယနေ့သောက်သုံးနေရသောစပျစ်ရည်နှင့်တူညီသည် ဟူသော အဆိုသည် မှန်ကန်မှုမရှိနိုင်ပေ။ သမ္မာကျမ်းစာက ဘီယာ၊ စပျစ်ရည်နှင့် အခြားမူးယစ်
ဆေးဝါးပါဝင်သော အရည်များသောက်သုံးခြင်းမပြုရန် ခရစ်ယာန်များကို တားမြစ်ထားခြင်းမရှိပေ။
အရက်သည် အပြစ်မဟုတ်ပေ။ ခရစ်ယာန်တို့သည် အရက်ကို အလွန်အကျွံသောက်သုံးခြင်းနှင့် အရူးအမူးသောက်သုံးခြင်းကိုရှောင်ကြဉ်ရပေမည် (ဧဖက်၊ ၅း၁၈၊ ၁ကော၊ ၆း၁၂)။
အရက်မနည်းငယ်သောက်သုံးခြင်း၌ ထိခိုက်ပျက်ဆီးမှု (သို့) စွဲလမ်းမှုမရှိနိုင်ပေ။ ထို့ပြင် အချို့သောဆရာဝန်များက နှလုံးအားတိုးဆေးအတွက်စပျစ်ရည်အနည်းငယ်သုံးဆောင်လျှင်၊ ကျန်းမာရေးနှင့်ညီညွှတ်သည် ဟု အကြံပေးထားပါသည်။ ခရစ်ယာန်များသည်စပျစ်ရည်အနည်း ငယ်ကို သုံးဆောင်ခွင့်ရှိသည်။ အလွန်အကျွံသောက်သုံးခြင်းနှင့် အရူးအမူးစွဲလန်းခြင်းတို့သည်အပြစ်ဖြစ်သည်။ သို့ရာတွင် သမ္မာကျမ်းစာဖော်ပြချက်အရ၊ ခရစ်ယာန်တို့သည် စပျစ်ရည်သောက်
သုံးလျှင် စွဲလန်းရန်လွယ်ကူသည်။ အခြားသူများအတွက်လည်း ထိမိ၍လှဲစရာဖြစ်နိုင်သည်။ ထို့ကြောင့်ခရစ်ယာန်များသည်
မူးယစ်ဆေးဝါးကို လုံးဝ ရှောင်ကြဉ်လျှင် အကောင်းဆုံးဖြစ်သည်။
Credit; Digital Bible Library, Bible League
Comments
Post a Comment